Wednesday, February 15, 2017

၂၀၁၆အာရှနိုင်ငံတွေကို ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက် လာရာမှာ စင်ကာပူနိုင်ငံ ကိုဝင်ရောက်မှု စံချိန်တင်မြင့်တက်ခဲ့

Image may contain: one or more people, people standing, skyscraper and outdoor
စီးပွားရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ယမန်နှစ်အတွင်းမှာတော့ စင်ကာပူရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ တိုးတက်ကြီးထွားခဲ့တယ်လို့ သိရပါတယ်။ ယင်းနိုင်ငံကို ခရီးသွားဧည့်သည် ၀င်ရောက်မှုပိုင်းရော လုပ်ငန်းအတွင်းကနေ ၀င်ငွေရရှိမှုပိုင်းမှာပါ မူလခန့်မှန်းချက်တွေကို ကျော်လွန်ပြီး သမိုင်းတွင်လောက်အောင် စံချိန်တင်မြင့်မားခဲ့တယ်လို့ စင်ကာပူခရီးသွားဘုတ်အဖွဲ့ STB က ထုတ်ပြန်သွားပါတယ်။

ခရီးသွားဧည့်သည် ၀င်ရောက်မှုပိုင်းမှာတော့ ၂၀၁၆ ခုနှစ်က၁၆ ဒသမ ၄ သန်း နဲ့ ၇ ဒသမ ၇ ရာခိုင်နှုန်းထိ ကြီးထွားလာခဲ့တယ်လို့ ယင်းခရီးသွားအေဂျင်စီက ထုတ်ပြန်ပါတယ်။ အလားတူ တရုတ်နိုင်ငံက လာရောက်တဲ့ ခရီးသွားဧည့်သည်ဦးရေပိုင်းမှာ ၃၆ ရာခိုင်နှုန်းထိမြင့်တက်ခဲ့သလို အင်ဒိုနီးရှားနဲ့ အိန္ဒိယတို့ကလာရောက်သူဦးရေပိုင်းမှာလည်း ၆ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်းတို့စီနဲ့ အသီးသီး တိုးတက်ခဲ့ပါတယ်။

အလားတူ ခရီးသွားလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေကနေ၀င်ငွေရရှိမှုပိုင်းမှာလည်း စင်ကာပူဒေါ်လာ ၂၄ ဒသမ ၈ ဘီလီယံနဲ့ ၁၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။STB အနေနဲ့ကလည်း စင်ကာပူကို စီးပွားရေးနဲ့ဆက်စပ်ခရီးသွားနေရာအဖြစ် တိုးမြင့်ဖော်ဆောင်ထားသလို ယမန်နှစ်အတွင်းက စီးပွားရေးနဲ့သက်ဆိုင်တဲ့ အခမ်းအနားပေါင်း ၄၁၀ ကျော်ထိ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ယင်း ပွဲလမ်းသဘင်တွေကနေ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၃၄၃,၀၀၀ ထိ ထပ်ပေါင်းပေးနိုင်ခဲ့သလို ၀င်ငွေပိုင်းမှာလည်း စင်ကာပူဒေါ်လာ ၆၁၁ သန်း ထိ တိုးတက်ရရှိခဲ့ပါတယ်။ယခုလို ယမန်နှစ်အတွင်း ခရီးသွားလုပ်ငန်းပိုင်းမှာ အားရစရာကောင်းတဲ့အခြေအနေတွေ မြင်တွေ့ခဲ့ရတာကြောင့် အေဂျင်စီအနေနဲ့ ကျေနပ်အားရမိကြောင်း STB အမှုဆောင်အရာရှိချုပ်Lionel Yeo က ပြောပါတယ်။

"ဇီကာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့အတူ တစ်ချို့ ဈေးကွက်တွေမှာ စီးပွားရေးစွမ်းဆောင်မှုပိုင်းအရ အားနည်းမှုတွေ ရှိခဲ့ပေမယ့်လည်းစင်ကာပူအနေနဲ့ ခရီးသွားဧည့်သည်တွေကို ပိုမိုဖိတ်ခေါ်နိုင်ခဲ့သလိုနိုင်ငံစီးပွားရေးတိုးတက်မှုအတွက် ထောက်ကူပေးနိုင်ခဲ့ပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။
Credit TO >>> SFJ Strategy First Journal

0 comments:

Post a Comment