ပြည်ပနိုင်ငံတွေမှာ သွားရောက်အခြေချ အလုပ်လုပ်ကိုင်နေသူတွေ (Expats) အတွက် ကူညီပေးနေတဲ့ ကမ္ဘာ့အကြီးဆုံးကွန်ရက် InterNations က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်ဆိုရင် နိုင်ငံရပ်ခြားကနေ လာရောက်အခြေချသူတွေတွက် အဆင်ပြေဆုံးသော ကျန်းမာရေးစနစ်တွေရှိမယ့် ကမ္ဘာ့နိုင်ငံတွေကို အဆင့်ခွဲခြားသတ်မှတ်ထုတ်ပြန်ပေးခဲ့ပါတယ်။
အဲဒီလို ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ကောင်းမွန်တဲ့ နိုင်ငံတွေကို အဆင့်တွေ ခွဲခြားသတ်မှတ်ဖို့အတွက် InterNations အနေနဲ့ နိုင်ငံပေါင်း ၁၉၁ နိုင်ငံမှာ နေထိုင်နေကြပြီး နိုင်ငံသား ၁၇၄ မျိုး ကိုယ်စားပြုတဲ့ လူပေါင်း ၁၄,၃၀၀ ကို မေးမြန်းပြီးစစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။
၁။ သြစတြီးယား
ယခု အဆင့်သတ်မှတ်ချက်ထဲမှာ အကောင်းဆုံးဖြစ်တဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်နေနိုင်တဲ့ သြစတြီးယားနိုင်ငံအနေနဲ့ ကတော့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုဆိုင်ရာ ကောင်းကျိုးသုခတွေရရှိနိုင်မှုပိုင်းမှာတော့ အံ့မခန်းတဲ့ အကောင်းဆုံးအနေအထားမှာရှိနေတယ်လို့သိရပါတယ်။ ယင်းနိုင်ငံရဲ့ လေထုအရည်အသွေးကလည်း အကောင်းဆုံး အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။
၂။ ထိုင်ဝမ်
ထိုင်ဝမ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အရည်အသွေးကောင်းမွန်မှုနဲ့ ငွေကြေးပိုင်းဆိုင်ရာ လက်လှမ်းမီနိုင်မှု တို့ ရှိနေပြီးExpats တွေရဲ့ အားကျစရာကောင်းလောက်တဲ့ ဘဏ္ဍာရေးဆိုင်ရာအနေအထားတွေကလည်း ယင်းနိုင်ငံမှာလူနေမှုဘ၀ကို တိုးတက်စေတယ်လို့ ဆိုထားပါတယ်။
၃။ ဖင်လန်
စစ်တမ်းမှာ ဖြေဆိုသူ expats ၇၅ ရာခိုင်နှုန်းလောက်ထိ ဒီနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ကောင်းတဲ့ အဆင့်သတ်မှတ်ချက်တွေ ပေးထားခဲ့ပြီး တစ်ဦးချင်း ပျမ်းမျှလစာအနေအထားအရလည်းကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ငွေကြေးအလွယ်တကူတတ်နိုင်တဲ့အနေအထားတွေမှာပါ ရှိနေတယ်လို့ သိရပါတယ်။
၎။ ဂျပန်
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လို့ကတော့ ဖြေဆိုသူ၈၂ ရာခိုင်နှုန်းက ယင်းနိုင်ငံကို ထောက်ခံပေးထားကြတယ်လို့ ဆိုပါတယ်။ အလားတူ ၇၆ ရာခိုင်နှုန်းကလည်း ယင်းနိုင်ငံကကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ငွေကြေးပိုင်းဆိုင်ရာ လက်လှမ်းမီမှုပိုင်းမှာ ထောက်ခံပေးပြီး ကျေနပ်အားရမှု ရှိတယ်လို့ ဆိုပါတယ်။
၅။ အစ္စရေး
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုသုခရရှိမှုပိုင်းမှာတော့ ဒီနိုင်ငံဟာ ကမ္ဘာပေါ်က အကောင်းဆုံးနိုင်ငံအဖြစ် expats တွေက ပြောကြားပါတယ်။ ဒါပေမယ့်လည်း တစ်ဘက်မှာတော့ တစ်ဦးချင်းစီရဲ့လုံခြုံဘေးကင်းရေးပိုင်းမှာတော့ ဒီနိုင်ငံဟာ ကောင်းတဲ့အနေအထားမှာတော့ ရှိမနေပြန်ပါဘူး။
၆။ဒိန်းမတ်
ဒိန်းမတ်ဟာဆိုရင်လည်း နေထိုင်မှုစရိတ် များပြားနေတာကြောင့် အဆင့်သတ်မှတ်ချက်တော်တော်များများမှာ ရလဒ်တွေ ကောင်းမနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုသုခခံစားရရှိမှုပိုင်းတော့ Expats တွေရဲ့ ထောက်ခံမှုအားကောင်းနေတဲ့ နိုင်ငံဖြစ်နေလျက်ရှိပါတယ်။
၇။ဂျာမနီ
အလုပ်အကိုင် ပိုင်းဆိုင်ရာ စိတ်ချလုံခြုံရမှုနဲ့ ဘ၀နေထိုင်မှုအရည်အသွေးကောင်းမွန်မှုတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာလည်း Expats တွေက ကောင်းကောင်းထောက်ခံထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
၈။ ပြင်သစ်
ဒီနိုင်ငံမှာ Expats တွေ ပျော်ရွှင်စွာနဲ့ နေထိုင်နေကြရတဲ့ နောက်ကွယ်ကအချက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ငွေကြေးတတ်နိုင်မှုရှိမှုပိုင်းမှာ ကောင်းမွန်နေတာကြောင့်ဖြစ်ပါတယ်။
၉။ ကော်စတာရီကာ
ဒီနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကောင်းကျိုးသုခခံစားရနိုင်မှုပိုင်းမှာတော့ ကမ္ဘာ့အကောင်းဆုံး နိုင်ငံထဲမှာ ပါတယ်လို့ expats တွေက ပြောပါတယ်။
၁၀။စပိန်
ကမ္ဘာပေါ်မှာ အလုပ်လုပ်ရက်တိုတောင်းနည်းပါးလှတဲ့ သီတင်းပတ်တွေ ရှိနေတဲ့ နိုင်ငံတွေထဲမှာ တစ်နိုင်ငံဖြစ်နေတာ၊အပြင် ကျန်းမာရေးနဲ့ ကိုက်ညီနိုင်မယ့် အစားအသောက်တွေ ရှိနေတာကြောင့်ဒီနိုင်ငံမှာ ယခုအဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၁၀အတွင်းမှာဝင်နေနိုင်တာဖြစ်ပါတယ်။
၁၁။နယူးဇီလန်
အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နေထိုင်မှုစရိတ်ဟာ များပြားနေကောင်းနေနိုင်ပေမယ့် ဒီနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာတော့ကောင်းမွန်တဲ့အနေအထားမှာရှိတယ်လို့ Expats တွေကပြောကြပါတယ်။
၁၂။ကနေဒါ
အရည်အသွေးကောင်းမွန်တဲ့ ကျန်းမာရေးစနစ်တွေနဲ့အတူ ယင်းတို့ကိုအလွယ်တကူ လက်လှမ်းမီမှု ရှိနေတာကြောင့် ယခုစာရင်းမှာပါဝင်နေနိုင်တာဖြစ်ပါတယ်။
၁၃။ ဆွီဒင်
နေထိုင်စဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ သက်သာလွယ်ကူကောင်းမွန်နေတာက ယင်းနိုင်ငံကို Expats တွေအကြိုက်နိုင်ငံတစ်နိုင်ငံဖြစ်စေလျက်ရှိပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment