Thursday, January 12, 2017

ဝန်ကြီးချုပ် မိုဒီရဲ့ ငွေစက္ကူဖျက်သိမ်းမှု တွေကြောင့် အိန္ဒိယနိုင်ငံအခက်အခဲတစ်ချို့ကြုံနေရ

Image may contain: car and outdoor
မျှော်လင့်မထားဘဲ ငွေစက္ကူဖျက်သိမ်းမှုတွေကို အိန္ဒိယ၀န်ကြီးချုပ်နာရင်ဒြာ မိုဒီအစိုးရအဖွဲ့က လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ကားဝယ်ယူလိုသူတွေအနေနဲ့ ၎င်းတို့ ၀ယ် ယူမယ့်အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ကြတာကြောင့် နိုင်ငံမှာ မော်တော်ကားရောင်းချရမှုနှုန်းဟာ ၁၆ နှစ်အတွင်း အနိမ့်ဆုံး နှုန်းထားကို ထိုးဆင်းကျသွားခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းက ယင်းနိုင်ငံမှာ ကားရောင်းချရမှုနှုန်းက၁၉ ရာခိုင်နှုန်းထိ ကျဆင်းသွားပြီး စီးရေ ၁ ဒသမ ၂ သန်းသာရောင်းချခဲ့ရတယ်လို့ အိန္ဒိယ မော်တော်ကားထုတ်လုပ်သူများအသင်းSIAM က ထုတ်ပြန်တဲ့ ကိန်းဂဏာန်းတွေအရ သိရပါတယ်။

ခရီးသည်တင်ကားရောင်းချရမှုပိုင်းမှာ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကျေးလက်ဒေသမှာ အဓိက၀ယ်လိုအားကောင်းတဲ့ Scooter နဲ့ မော်တော်ဆိုင်ကယ် ရောင်းချရမှုပိုင်းမှာတော့ ၂၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

" ငွေစက္ကူဖျက်သိမ်းမှုက ဒီကားအရောင်းအ၀ယ်လုပ်ငန်းအပေါ်မှာထိခိုက်မှု ရှိခဲ့ပါပြီ" လို့ SIAM ရဲ့ ညွန်ကြားရေးမှူးချုပ် Vishnu Mathur က ပြောပါတယ်။

အလားတူ နှေးကွေးနေလျက်ရှိတဲ့ အာရှဒေသရဲ့ တတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံမှာ လည်ပတ်နေတဲ့ ငွေကြေး ၈၆ ရာခိုင်နှုန်းလောက်ကို ဖယ်ထုတ်ဖို့ ၀န်ကြီးချုပ် မိုဒီအစိုးရရဲ့ ဆုံးဖြတ်လုပ်ဆောင်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တစ်ခုအနေနဲ့ ယခုလို ကားရောင်းအားနှုန်းကျဆင်းခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ လူသုံးကုန်ဝယ်လိုအားပိုင်းကျဆင်းနေခဲ့တာကြောင့်လည်း မိုဒီအစိုးရအတွက် နိုင်ငံပြန်လည်ဖွံ့ဖြိုးဖို့ ဘက်ဂျက်ဖော်ဆောင်လုပ်ဆောင်သွားဖို့ ဖိအားတွေ တိုးပွားကျရောက်နေခဲ့ပြီဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment