Wednesday, January 25, 2017

‘၀’ အဖွဲ့၏ အတင်းအဓမ္မလူသစ်စုဆောင်းမှုကြောင့် ဒေသခံများတိမ်းရှောင်ဟု တပ်မတော်သတင်းထုတ်ပြန်

အပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တစ် ဖွဲ့ဖြစ်သော ‘၀’ ပြည်သွေးစည်းညီ ညွတ်ရေးပါတီ(UWSP/UWSA)က အတင်းအဓမ္မလူသစ်စုဆောင်း နေ၍ ဒေသခံများတိမ်းရှောင်နေရဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ဇန်န၀ါရီ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပေါက်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများ၌ UWSA ‘၀’အဖွဲ့က အတင်းအဓမ္မလူသစ်စုဆောင်းမှု များကြောင့် နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်လာခဲ့သော နမ့် တောင်းကျေးရွာအုပ်စု၊ ရှုခါကျေး ရွာနှင့် ဘူခေါကျေးရွာတို့မှ ဒေသ ခံပြည်သူမိသားစုဝင် ၁၀ဦးတို့ သည် ဇန်န၀ါရီ ၂၃ရက် နံနက် တွင် မိုင်းဖြတ်မြို့သို့ ရောက်ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။
UWSA ‘၀’အဖွဲ့သည် ကျေး ရွာများရှိ အသက်(၁၂)နှစ်အထက်ရှိသူများအား စစ်မှုမထမ်းမ နေရအမိန့်ထုတ်ပြန်ထားကြောင်း နှင့် တိမ်းရှောင်လာသူဒေသခံ ပြည်သူများမှာ ၎င်းတို့စစ်မှုထမ်း ရန် အလှည့်ကျရောက်လာ၍ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၆ နိုဝင်ဘာလကလည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းပေါက်မြို့ ကိန်ကလာကျေးရွာရှိ ဒေသခံအချို့သည် UWSA ‘၀’အဖွဲ့၏ လူသစ်စုဆောင်းမှု၌ မပါဝင်လိုသဖြင့် မိုင်းခတ်မြို့နယ်၊ ယမ်းမိုင်အုပ်စု၊ ယမ်းမိုင်ရွာသို့ တိမ်းရှောင်ရောက်ရှိလာသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ သတင်းထုတ်ပြန်မှု နှင့်ပတ်သက်ပြီး ‘၀’လက်နက်ကိုင် အဖွဲ့ UWSP/UWSAလားရှိုးမြို့ ဆက်ဆံရေးရုံးဒုတိယတာဝန်ခံဦး ညီရန်းက တပ်သားသစ်စုဆောင်း ခြင်းမရှိဟု ငြင်းဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာက မိုင်းလားလက်နက်ကိုင်အဖွဲ့ဟု ခေါ်ဆိုသော  ရှမ်းပြည်နယ်အရှေ့ ပိုင်းအထူးဒေသ(၄)အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA)နယ်မြေအတွင်းသို့ ‘၀’ လက်နက်ကိုင်အဖွဲ့များ အလုံးအ ရင်းဖြင့် ၀င်ရောက်တပ်စွဲထား ခြင်းနှင့်စပ်လျဉ်း၍ တပ်မတော် နှင့် ‘၀’လက်နက်ကိုင်အဖွဲ့တို့အ ကြား တင်းမာမှုများဖြစ်ပေါ်ခဲ့ သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment