Friday, January 13, 2017

ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ဥပဒေ လွှတ်တော်တင်နိုင်ရေး စီစဉ်နေဟုဆို

အိမ်မြေတိုက်ခန်းများ ၀ယ်ယူရင်းနှီးမြှုပ်နှံပြီး ဈေးက စားမှုများ တားဆီးနိုင်ရေးပိုင်ဆိုင် မှုဆိုင်ရာ အခွန်ကောက်ခံမည့်ဥပ ဒေကို ရေးဆွဲထားပြီး လာမည့်လွှတ်တော်သို့တင်နိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အိမ်မြေတိုက်ခန်းများ ဈေး ကစားပြီး ဈေးနှုန်းဖောင်းပွမှုကို လျှော့ချနိုင်ရန် ရည်ရွယ်ကာ အ ဆိုပါဥပဒေကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ  က တွန်းအားပေးရေးဆွဲစေခြင်း ဖြစ်သည်ဟု ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာသန်းဝင်းကပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရစီမံ ကိန်းများကို အကြောင်းပြုပြီး အိမ်မြေတိုက်ခန်းများကို ကုန် ပစ္စည်းတစ်ခုကဲ့သို့ ဈေးနှုန်း ကစားကာ အရောင်းအ၀ယ်ပြု လုပ်ခြင်းကြောင့် အရှေ့တောင် အာရှတွင် မြေဈေးအကြီးဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့ရကြောင်း စီးပွား ရေးလုပ်ငန်းရှင်များကပြောကြား သည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များ ဆွဲဆောင်ရာတွင်လည်းနိုင်ငံ ခြားစီးပွားရေးလုပ်ငန်းရှင်များ၏ တောင်းဆိုမှုသည် လျှပ်စစ်ကဏ္ဍ ပြီးလျှင် မြေဈေးကြီးမှုက အဓိက ပြဿနာတစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။
၂၀၀၇ ကစတင်၍ ၀င်ငွေရ လမ်းမဖော်ပြနိုင်လျှင် အခွန် ၁၅ ရာခိုင်နှုန်းပေးဆောင်ပါက တရား ၀င်အိမ်ခြံမြေရောင်းဝယ်ခွင့်ပေး သည့် ဖြေလျှော့မှုကြောင့် မြန်မာ နိုင်ငံအိမ်ခြံမြေဈေး တစ်ဟုန်ထိုး မြင့်တက်ခဲ့ပြီး စီးပွားရေးလုပ်ငန်း များ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် အခက်အခဲဖြစ်ခဲ့ရသည်ဟု လှိုင် သာယာစက်မှုဇုန်မှ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခင်အစိုးရလက်ထက်က လည်းအိမ်မြေဈေးနှုန်းကြီးမား လာမှု လျော့ကျစေရန် အခွန် အကောက်ဥပဒေများဖြင့် ကြိုး စားခဲ့သည်။ အိမ်ခြံမြေနှင့်ပတ်သက် ၍ ရောင်းဝယ်ရာတွင် ပေးဆောင် ရသည့် ၀င်ငွေခွန်ကို နှစ်စဉ် နှုန်း ထားပြောင်းလဲကောက်ခံခြင်း၊ မြို့နယ်များအလိုက် အိမ်မြေ တိုက်ခန်းဈေးနှုန်း သတ်မှတ်ချက် များထုတ်ပြန်ခြင်းတို့ ပြုလုပ် သည်။ ထို့အပြင် တရုတ်နိုင်ငံမှ တရားမ၀င်ငွေစီးဆင်းမှုကိုလည်း တရုတ်အစိုးရက ထိန်းလိုက်ခြင်း ကြောင့် အိမ်မြေရောင်းဝယ်ခြင်း ဖြင့် ဈေးကစားမှုသည် ၂၀၁၄ မှ စတင် လျော့ကျခဲ့သည်ဟု အိမ်ခြံ မြေအကျိုးဆောင်အချို့က ဆို သည်။ ‘‘ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် ရောင်းသူတွေ အရမ်းများလာ မယ်။ ဈေးနှုန်းတွေလည်း ထပ်ကျ လာနိုင်တယ်’’ဟု မဏ္ဍိုင်အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးသန်းဦးကပြော ကြားသည်။
ဥပဒေစတင်ပြဋ္ဌာန်းချိန်တွင် အိမ်ခြံမြေဈေးကွက်သည် ရောင်း လိုအားများခြင်းကြောင့် ပြန်လည် လှုပ်ခတ်လာနိုင်ပြီး နောက်ပိုင်း တွင် ပေါ်ပင်စီးပွားရေးအခြေအ နေမျိုးမှ တည်ငြိမ်သည့်ဈေးကွက် တစ်ခုဖြစ်လာနိုင်သည်ဟု ဦး သန်းဦးက ခန့်မှန်းပြောသည်။
ပိုင်ဆိုင်မှုဆိုင်ရာ အခွန် ကောက်ခံမှုသည် နိုင်ငံခြားတိုင်း ပြည်များတွင် လူတစ်ဦးကနေထိုင် ရန် အိမ်တစ်လုံးထက်ပိုမို ပိုင် ဆိုင်ပါက ကောက်ခံသည့် အခွန် မျိုးဖြစ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့ကပြောသည်။
လက်ရှိတွင် တန်ဖိုးကြီးအိမ် မြေများအပါအ၀င် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေး အင်အားချမ်းသာသူများသာ အ များစုဖြစ်နေခြင်းကြောင့် အစိုးရ အနေဖြင့် ဥပဒေကို အတိအကျ အကောင်အထည်ဖော်နိုင်မည့် အခြေအနေကိုလည်း စီးပွားရေး လုပ်ငန်းရှင်အချို့က မျှော်လင့်နေ ကြသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment