
ယင်းကိန်းဂဏာန်းတွေကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ILO က လုပ်ဆောင်ခဲ့တဲ့ သုတေသနတွေ့ရှိချက်တွေအရ ထုတ်ဖော်သိရှိခဲ့ရတာလည်း ဖြစ်ပါတယ်။
ယခုသီတင်းပတ်အတွင်း ထုတ်ပြန်လိုက်တဲ့ ယင်းအစီရင်ခံစာမှာတော့ ယခုနှစ် ၂၀၁၇ မှာ ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့ဖြစ်သူဦးရေပိုင်းမှာ ၃ ဒသမ ၄ သန်း မြင့်တက်လာဖို့ရှိနေပြီး လာမယ့်နှစ် ၂၀၁၈ မှာလည်း ၂ ဒသမ ၇ သန်း ထပ်မံမြင့်တက်လာဦးမယ်လိုဆိုထားပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း အလုပ်သမားဦးရေတိုးပွားမှုဟာ ဖန်တီးနိုင်သမျှ အလုပ်အကိုင်အရေအတွက်ထက် မတန်မဆ များပြားလာနေလို့ ယခုလိုအလုပ်လက်မဲ့မှုနှုန်း မြင့်တက်နေ ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
" စီးပွားရေးတိုးတက်မှုပိုင်းမှာ ကြည့်ရင် စိတ်ပျက်စရာတွေ ဖြစ်နေပါတယ်၊ ဒါဟာ ကမ္ဘာကြီးရဲ့ စီးပွားရေအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး၊ လုံလောက်တဲ့ အလုပ်အကိုင်တွေ ထုတ်လုပ်ဖန်တီးပေးနိုင်မှုမရှိတော့ဘူးလေ၊ အရည်အသွေးကောင်းတဲ့အလုပ်တွေ ဖန်တီးဖို့ဆိုတာကတော့ ပိုဝေးနေပြီပေါ့" ဆိုပြီး ILO ရဲ့ညွန်ကြားရေးမှူးချုပ် Guy Ryhder က ပြောပါတယ်။
အလားတူ တစ်ဘက်မှာလည်း ကမ္ဘာတစ်ဝန်း လုပ်ခလစာပိုင်း တိုးတက်မှုဟာလည်း ၂၀၁၅ မှာ လေးနှစ်အတွင်း အနှေးကွေးဆုံးနှုန်းထိ ကျဆင်းထားခဲ့တယ်လို့လည်း ယင်းအေဂျင်စီကသီးခြားအစီရင်ခံစာတစ်ရပ်မှာ ထုတ်ပြန်ပြောကြားထားပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment