
ရခိုင်ပြည်နယ်မှ ထွက်ရှိ သည့် ဆန်ဝယ်ယူရေးနှင့် ရေရှည် ဖွံ့ဖြိုးစေရန် ပြည်သူ့အကျိုးစီးပွားအခြေပြုစီမံကိန်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် GoldenPhoenix Investments limited ဒုဥက္ကဋ္ဌ မစ္စတာလင်ကွမ်း အပါအ၀င် တာဝန်ရှိသူများ ဇန်န၀ါရီ ၁၁ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဟောင်ကောင်ကုမ္ပ ဏီသည် ပြီးခဲ့သည့်ရက်ပိုင်းအ တွင်း ရခိုင်ပြည်နယ်၏ ဆန်အိုး ကြီး ဒေသတစ်ခုဖြစ်သော ကျောက်တော်မြို့နယ်သို့ သွား ရောက်ကာ ဆန်စပါးထွက်ရှိမှု အခြေအနေကို ကွင်းဆင်းလေ့ လာခဲ့သည်။
‘‘ဟောင်ကောင်ကုမ္ပဏီက တစ်နှစ်ကို ဆန်တန်ချိန်သုံးသိန်း လောက်ဝယ်မယ်လို့ ပြောကြား ထားပါတယ်။ လောလောဆယ် ဆန်တန်ချိန်တစ်သောင်းကို လာ မယ့်ဖေဖော်ဝါရီမှာ စစ်တွေဆိပ် ကမ်းကနေ တင်ပို့ဖို့ ဆွေးနွေးခဲ့ ကြပါတယ်’’ဟု ကျောက်တော်မြို့ နယ် တောင်သူလယ်သမားများ အဖွဲ့ အတွင်းရေးမှူး ဦးမောင်ထွီး က ပြောသည်။
ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ဆန်စပါး စိုက်ပျိုးရေးဖြစ်ပြီး လက်ရှိတွင် စပါးဈေးများကျနေကာ ဆန်ဈေး အနည်းငယ်တက်နေကြောင်း သ တင်းရရှိသည်။
ရခိုင်ဒေသထွက် ဆန်ဈေးကွက်သည် ဘင်္ဂလားဒေ့ရှ်နှင့်တရုတ်နိုင်ငံများ ဖြစ်သော်လည်း လက်ရှိတွင် တင်ပို့မှုမရှိသလောက် နည်းပါးနေကြောင်း ဆန်ကုန်သည်အချို့ကပြောသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment