Tuesday, January 10, 2017

မည်သည့်အချိန်တွင်မဆို တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်ခတ်နိုင်ကြောင်း မြောက်ကိုရီးယား ပြောကြား

Image may contain: sky, outdoor and nature
ခေါင်းဆောင်ကင်ဂျုံအန်း၏ အမိန့်တစ်ချက်ပေးရုံဖြင့် မည်သည့်နေရာတွင်မဆို တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်နိုင်ကြောင်း တနင်္ဂနွေနေ့တွင် မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်ပြီး ၄င်းတို့၏ လက်နက်ဖွံ့ဖြိုးရေးအတွက် ပြစ်တင်နေသော အမေရိကန်ပေါ်လစီသည်ဆိုးရွားကြောင်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့တွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ၄င်းတို့အနေဖြင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ရန် နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားဝင် KCNA သတင်းဌာနက "တိုက်ချင်းပစ်ဒုံးကျည်ကို မြောက်ကိုရီးယား ထိပ်တန်းဌာနချုပ်က သတ်မှတ်ပေးလိုက်မည့် မည်သည့်အချိန်တွင်၊ မည်သည့်နေရာတွင် မဆို စမ်းသပ်ပစ်ခတ်တော့မှာပါ" ဟု အမည်မဖော်လိုသော နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ပြောကြားသည်။ ကိုရီးယားပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံဟု လူသိများသော မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက "မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်တိုက်ခိုက်နိုင်မှုနဲ့ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး အစီအစဉ်တွေဟာ အမေရိကန်နိုင်ငံကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး မြောက်ကိုရီးယားနျုကလီးယားဒုံးကျည်စမ်းသပ်ပစ်ခတ်မှာကို ဖြိုခွင်းဖို့ စီစဉ်ထားပါတယ်" ဟုပြောကြားခဲ့သည်။

Credit To >>> Democracy Today

0 comments:

Post a Comment