လက်ရှိရန်ကုန်စတော့အိတ် ချိန်း၏ ဈေးကွက်ရင်းနှီးမတည်ငွေမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ခန့်ရှိပြီး ဗီယက်နမ်နှင့် လာ အိုတို့၏ စတော့စတင် ချိန်ထက် ပိုမို များပြားခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘နေ့စဉ်နဲ့အမျှ ရှယ်ယာအ ၀ယ်နဲ့ အရောင်းအမှာစာတွေ တက်နေပါတယ်။ တစ်ခါတစ်ရံ ဈေးနှုန်းမတည့်လို့ အရောင်းအ ၀ယ်မရှိပေမယ့် အာဆီယံနိုင်ငံ တွေနဲ့ နှိုင်းယှဉ်ရင် ပုံမှန်အနေအ ထားမှာရှိနေပါတယ်’’ဟု ဦး မောင်မောင်ဝင်းကပြောသည်။
၁၉၉၇ တွင်ဖွင့်လှစ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံက အများပိုင် ကုမ္ပဏီ တစ်ခု၊ ၂၀၀၀ ပြည့်နှစ် တွင်ဖွင့်လှစ်ခဲ့သည့် ဗီယက်နမ်က ကုမ္ပဏီငါးခု၊ ၁၉၇၅ တွင် စတင် ဖွင့်လှစ်ခဲ့သည့် ထိုင်းနိုင်ငံက ကုမ္ပဏီ အခု ၂၀ ဖြင့် တစ်နှစ် အတွင်း လည်ပတ်နေခဲ့ခြင်း ဖြစ် သည်။ လက်ရှိ ရန်ကုန်စတော့ အိတ်ချိန်းသည် အများပိုင်ကုမ္ပဏီ လေးခုဖြင့် လည်ပတ်နေ၍သင့် တင့်သည်ဟု ၎င်းကဆက်လက် ပြောသည်။ ထို့ကြောင့် ရန်ကုန်စ တော့အိတ်ချိန်းသည် ရှိသင့် ရှိ ထိုက်သည့် စာရင်းဝင်ကုမ္ပဏီနှင့် ထိုက်သင့်သော ဈေးကွက်အ ရောင်းအ၀ယ်ပမာဏ ရှိနေသည် ဟုဆိုသည်။
‘‘တကယ်ရှယ်ယာအရောင်း အ၀ယ်လုပ်ချင်သူတွေကတော့ ၀ယ်နေပါတယ်။ ရှယ်ယာတွေ ဈေးကျတယ်ဆိုတာကလည်း မ ဖြစ်နိုင်တဲ့ဈေးနှုန်းတွေနဲ့ စတင်ခဲ့ လို့ဖြစ်တာပါ။ အခုရှယ်ယာဈေး တွေက ပုံမှန်အနေအထားလို့ ပြောလို့ရပါတယ်’’ဟု ရှယ်ယာ ၀ယ်ယူထားသည့် အမျိုးသမီး တစ်ဦးကပြောသည်။
လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီး ပွားရေးလုပ်ငန်းများလုပ်သည့် FMI ကုမ္ပဏီ၊ သီလ၀ါအထူးစီးပွား ရေးဇုန် အများပိုင်ကုမ္ပဏီ(MTSH)၊ ဘဏ်လုပ်ငန်းဆိုင်ရာကုမ္ပဏီများဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ် (MCB)နှင့် ပထမပုဂ္ဂလိကဘဏ်(FPB) တို့ ရှယ်ယာများ အရောင်းအ၀ယ်ပြုလုပ်နေသည်။
၎င်းတို့အနက် MCB ဘဏ် သည် ၂၀၁၆ အတွင်းဝယ်ဈေးနှင့် ရောင်းဈေး ကွာဟသဖြင့် အ ရောင်းအ၀ယ်မရှိသည့် အကြိမ် ကိုးကြိမ်တိတိရှိခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချခွင့်ရရှိ ထားသည့် အများပိုင်ကုမ္ပဏီ ခြောက်ခုရှိပြီး ကုမ္ပဏီလေးခုက ရောင်းချနေပြီဖြစ်သည်။ Great Horkham နှင့် MAPCO ကုမ္ပဏီ တို့ စာရင်းဝင်ရန် ကျန်ရှိနေသေး သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment