တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာ အထူးကိုယ်စား လှယ် မစ္စတာ ဆွန်ကော်ရှန်းနှင့် မြောက်ပိုင်းလက်နက်ကိုင် လေး ဖွဲ့တို့ ဇန်န၀ါရီ ၁၉ ရက်တွင် တွေ့ဆုံညှိနှိုင်းပြီးနောက် တရုတ် ကိုယ်စားလှယ်၏ တိုက်တွန်းချက် အရ ယခုကဲ့သို့ အစိုးရနှင့် တွေ့ ဆုံရန် ထပ်မံအဆိုပြုခြင်းဖြစ် ကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်း အိုက်ကျော်က ပြောသည်။
‘‘ဒီလ ၁၉ ရက်က ကျွန်တော် တို့ လေးဖွဲ့နဲ့ မစ္စတာ ဆွန်ကော် ရှန်းနဲ့ ပြန်တွေ့တယ်။ သူကလည်း မြန်မာပြည်က ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့ အစိုးရဘက်နဲ့ တပ်မတော်ဘက်နဲ့ သူက တွေ့ဆုံ ခဲ့တယ်။ ခင်ဗျားတို့က စစ်ပွဲတိုက် နေလို့ရှိရင် မပြီးဘူး။ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ဖို့လိုတယ်။ အဲဒီလိုမျိုးသူက တိုက်တွန်းတာ ပေါ့။ ကျွန်တော်တို့လည်း ဌာနကို ပြန်ပြောပြတယ်။ ကျွန်တော်တို့ လည်း သဘောပေါက်တယ်။ တိုက်ခိုက်နေလို့ ပြီးဆုံးနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်။ ဒါ ကို ပြန်ပြီးအဆိုပြုထားတာ’’ဟု ၎င်းက ပြောသည်။
ယင်းထုတ်ပြန်ချက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းရန် ပြည်ထောင်စုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိသကဲ့သို့ ဆန္ဒအပြည့်အ၀ရှိကြောင်း၊ မိမိတို့လိုအပ်သည်မှာ ပြည်ထောင်စုအစိုးရနှင့် စစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနိုင်ရေးဖြစ်ကြောင်း၊ တန်းတူပြီး တရားမျှတသော နိုင်ငံရေးဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံက ဆက်လက်ရပ်တည်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးမှုများတွင် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSP)အား ပါဝင်တက်ရောက်ပေးရန်မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment