Monday, January 23, 2017

တိုးလာနေတဲ့ ၀ယ်လိုအားကို ဖြည့်ဆည်းဖို့ ကမ္ဘာ့ရေနံထုတ်လုပ်ငန်းမှာ ဒေါ်လာ ၂၅ ထရီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်နေ

Image may contain: sky, outdoor and nature
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အနာဂတ်ဒေသမှာ ကြုံတွေ့လာရမယ့်ဝယ်လိုအားကို လိုက်မှီနိုင်ဖို့ လာမယ့် ၂၅ နှစ်တာကာလတစ်လျှောက်ရေနံထုတ်လုပ်မှု လုပ်ငန်းထဲမှာ ဒေါ်လာ ၂၅ ထရီလီယံထိရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ Davos မြို့မှာ ပြုလုပ်ခဲ့တဲ့ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောဆိုသွားခဲ့ကြပါတယ်။

လာမယ့်ဆယ်စုနှစ်တွေမှာလည်း ကမ္ဘာတစ်ဝန်း ရေနံနဲ့ သဘာဝဓါတ်ငွေ့ ၀ယ်လိုအား ပိုင်းမှာ ဆက်လက်မြင့်တက်နေဦးမှာဖြစ်တယ်လို့ ဆော်ဒီအာရေဗျရဲ့ အင်အားကြီးရေနံကုမ္ပဏီ Aramco ရဲ့အကြီးအကဲ Amin Nasser က ပြောသွားပါတယ်။

ဒါကြောင့်မို့လို့လည်း လုပ်ငန်းတွင်းမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုပိုင်းလျော့ကျသွားခဲ့မယ်ဆိုရင်တော့ ယင်းဟာ ဈေးနှုန်းပိုင်းကိုလည်း ထိခိုက်စေနိုင်သလို ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တယ်လို့ ၎င်းက သတိပေးပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ထုတ်လုပ်ငန်းတစ်ခုလုံးမှာနောက်ထပ် လုပ်ငန်းချဲ့ထွင်မှုတွေနဲ့ ငွေကြေးအရင်းအနှီးတွေ အများကြီး လိုအပ်နေမှာဖြစ်တယ်လို့ ၎င်းက ပြောသွားပါတယ်။

တစ်ချိန်တည်းမှာပဲ ရေရှည်မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကဈေးကွက်နေရာဝေစု အတိုင်းအတာတစ်ခုအထိ ရရှိလာဖို့ ရှိနေပေမယ့်လည်း ဈေးကွက်တစ်ခုလုံးကိုချုပ်ကိုင်လွှမ်းမိုးဖို့အထိတော့ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ Aramco ရဲ့ စီအီးအို ကပြောကြားသွားခဲ့ပါတယ်။

" ရေနံအရင်းအမြစ်တွေနေရာမှာ အစားထိုးဖို့ ဒီပြည့်ဖြိုးမြဲစွမ်းအင်တွေအတွက် အချိန်တွေအများကြီးလိုဦးမှာပါ၊ ဒါကြောင့်မို့ရေနံထုတ်လုပ်နိုင်စွမ်းတွေ တိုးမြင့်ဖို့ပဲ လုပ်ရမှာပါ" လို့ ၎င်းကပြောသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment