Monday, January 2, 2017

အစိုးရငြိမ်းချမ်းရေးကော်မရှင်၏ ‘၀’နှင့် မိုင်းလား ခရီးစဉ်တွင် မိုင်းလားရှိ ‘၀’တပ်ဖွဲ့များ ပြန်ရန်ဆွေးနွေးခဲ့

အစိုးရငြိမ်းချမ်းရေးကော် မရှင်၏ ‘၀’ ဒေသနှင့် မိုင်းလားဒေ သ ခရီးစဉ်တွင် မိုင်းလားဒေသသို့ ပြီးခဲ့သည့် စက်တင်ဘာက ရောက်ရှိနေသည့် ‘၀’ လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာရေးဆွေးနွေးခဲ့ကြောင်း မိုင်းလားလက်နက်ကိုင်အဖွဲ့မှ သတင်းရရှိသည်။

ထို့အပြင် ကချင်နှင့် ရှမ်း မြောက်ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့အကြား တွေ့ဆုံမှုဖြစ်ပေါ်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းလားလက်နက်ကိုင်အ ဖွဲ့ (NDAA) အထွေထွေအတွင်းရေး မှူး ဦးကြည်မြင့်က ‘‘အဓိကကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ဖွံ့ဖြိုးရေးကိစ္စနှစ်ခုပဲ ဆွေးနွေးတယ်။ အခုအစိုးရက ငြိမ်းချမ်းရေးရအောင် ကြိုးစားနေတဲ့အခြေအနေပေါ့’’ဟု ဇန်န၀ါရီ ၁ ရက်က ပြောကြားသည်။

‘၀’လက်နက်ကိုင်တပ်ဖွဲ့များ မိုင်းလားဒေသသို့ ရောက်ရှိနေ သည့် အခြေအနေနှင့်ပတ်သက်၍ မိုင်းလားအဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ဒီဇင်ဘာ ၃၁ ရက် က တွေ့ဆုံစဉ်ဆွေးနွေးမှုရှိ၊ မရှိ မေးမြန်းရာဦးကြည်မြင့်က ဆွေး နွေးကြောင်း ဖြေကြားခဲ့သည်။
မိုင်းလားဒေသသို့ စစ်ရေး လေ့ကျင့်သည်ဆိုကာ ‘၀’လက် နက်ကိုင်အဖွဲ့များ ရောက်ရှိလာ သည်မှာ သုံးလကြာပြီဖြစ်၍ လေ့ ကျင့်မှုပြီးဆုံးသင့်ကြောင်း၊ သို့မှ သာ နယ်မြေပြန်လည်အေးချမ်း မည်ဖြစ်၍ ‘၀’တပ်ဖွဲ့များ ပြန်ရေး ကို အစိုးရကမျှော်လင့်နေကြောင်း ၎င်းကရှင်းပြသည်။
ဆက်လက်၍ ဦးကြည်မြင့် က ‘‘ငြိမ်းချမ်းရေးကော်မရှင်က ‘၀’ ကို ပြောပြတယ်။ သူတို့လေ့ကျင့် တာကြာပြီ၊ ပြီးဆုံးသင့်ပြီပေါ့။ စက်တင်ဘာ ၂၈ ရက် မတိုင်မီအ ခြေအနေပြန်ဖြစ်အောင်ဆိုရင် အ ကောင်းဆုံးပဲ။ အဲဒါဖြစ်သင့်တယ်  လို့ သူတို့ကိုဆွေးနွေးခဲ့တယ်လို့ ပြောတယ်။ နိုင်ငံတော်က အဲဒီလို ပြောပြီဆိုရင် ကျွန်တော်တို့ပြော စရာ မရှိတော့ဘူးလေ’’ဟု ပြော ကြားသည်။
‘၀’လက်နက်ကိုင်တပ်ဖွဲ့များ အလုံးအရင်းဖြင့် မိုင်းလားဒေသ သို့ ရောက်ရှိလာခဲ့၍မိုင်းလားနှင့် ‘၀’ လက်နက်ကိုင်အဖွဲ့အကြား ပြဿနာပြေလည်မှု ရရှိရေး ဆွေးနွေးညှိနှိုင်းခဲ့ရသည်။ နှစ်ဖက်ညှိနှိုင်းမှု များအရ ‘၀’ လက်နက်ကိုင်တပ်ဖွဲ့ ၀င်သုံးရာကျော် ‘၀’ ဒေသသို့ပြန်သွားသော်လည်း အများအပြား ကျန်ရှိနေသေးကြောင်း  သတင်းရရှိသည်။ ‘၀’ တပ်ဖွဲ့၏ စစ်ရေးလှုပ် ရှားမှုကြောင့် တပ်မတော်နှင့် ‘၀’ လက်နက်ကိုင်အဖွဲ့တို့အကြား တင်းမာမှုဖြစ်ခဲ့သည်။
ငြိမ်းချမ်းရေးကော်မရှင်သည် ဒီဇင်ဘာ ၂၉ ရက်တွင် ‘၀’လက် နက်ကိုင်အဖွဲ့ (UWSA) အခြေစိုက် ရာ ပန်ဆန်းသို့သွားရောက်ခဲ့သည်။ (UWSA) နှင့် ဆွေးနွေးပြီး နောက် ဒီဇင်ဘာ ၃၁ ရက်တွင် မိုင်းလား၌ မိုင်းလားလက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။
 ငြိမ်းချမ်းရေးကော်မရှင်၏ ‘၀’နှင့် မိုင်းလားခရီးစဉ်တွင် ကော် မရှင်ဒုတိယဥက္ကဋ္ဌဦးသိန်းဇော်၊ အ တွင်းရေးမှူးဦးခင်ဇော်ဦး၊ အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်း မှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ခရီးစဉ်တွင် ဆွေး နွေးမှု အခြေအနေများကို မေးမြန်း ရန် ငြိမ်းချမ်းရေးကော်မရှင်အ တွင်းရေးမှူးအား ဖုန်းဖြင့်ဆက် သွယ်ရာ အဆက်အသွယ်မရရှိ ပေ။
Credit To >>> 7 Day Daily

0 comments:

Post a Comment