Friday, December 2, 2016

ခရိုင်းမီးယားဒေသဝေဟင်ကို ရှောင်လွှဲကာဒုံးကျည်စမ်းသပ်မှုများ ယူကရိန်းပြုလုပ်မည်

ယူကရိန်းနိုင်ငံသည် နှစ်ရက်ကြာမြင့် မည့် ဒုံးကျည်စမ်းသပ်မှုများကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ပြုလုပ်ကြောင်း၊ ဒုံးကျည်တပ်ဖွဲ့၏ စစ်ရေး လေ့ကျင့်မှုအတွင်း ခရိုင်းမီးယား ဒေသ၏ လေကြောင်းပိုင်နက်ကို ရှောင်လွှဲကာ လေ့ကျင့်မည်ဖြစ်ကြောင်း ယူကရိန်းစစ်ဘက်က ပြောကြားသည်။
၂ဝ၁၄ ခုနှစ်တွင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ယင်း၏ ပိုင်နက်နယ်မြေ အတွင်းသို့ ထည့်သွင်းခဲ့သော ရုရှား နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ခြင်း မရှိစေရန် ဒုံးကျည်စမ်းသပ်ပစ်ခတ်ရာတွင် ယင်းဒေသ၏ လေကြောင်း ပိုင်နက်ကို ရှောင်လွှဲမည်ဖြစ်ကြောင်း ယူကရိန်း စစ်ဘက်အရာရှိတစ်ဦး ဖြစ်သူ ဗလာဒီမာကရင် ကီယန်စကီး က ပြောကြားသည်။
ခရိုင်းမီးယားဒေသနှင့် နယ်စပ် ချင်း ထိစပ်နေသော ခါဆန်ဒေသ၌ ဒုံးကျည်တပ်ဖွဲ့၏ လေ့ကျင့်မှု ပြုလုပ် မည်ဆို၏။ ခါဆန်ဒေသသည် ယူကရိန်းနိုင်ငံ တောင်ပိုင်းတွင် တည်ရှိသည်။
စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့် နေရာမှာ ခရိုင်းမီးယားဒေသ ဝေဟင်ပိုင်နက်မှ ကီလိုမီတာ ၃ဝ (၁၈ မိုင်)ထက်မနည်း ကွာဝေးသော နေရာတွင် တည်ရှိကြောင်း ၄င်းက ၁၁၂ ရုပ်မြင်သံကြားဌာနသို့ ပြောကြားသည်။
ယူကရိန်း၏ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ယင်း၏ တပ်ဖွဲ့များကို တပ်လှန့်ထား လိုက်ကြောင်း၊ ခရိုင်းမီးယားဒေသရှိ ကြည်းနှင့်ရေ အခြေပြု ကာကွယ်ရေး တပ်ဖွဲ့များကို တပ်လှန့်ထားခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment