Thursday, December 1, 2016

မြေကို လက်ဝါးကြီးအုပ်ရယူထားခြင်းကြောင့် မြေဈေးနှုန်းအဆမတန်မြင့် တက်ပြီး အစိုးရအဖွဲ့က လျော်ကြေးပေးသိမ်းဆည်းရန် အကြုံပြုတင်ပြ

မြေကို လက်ဝါကြီးအုပ်ရယူထားခြင်းကြောင့် မြေဈေးနှုန်းများ အဆင်မတန်မြင့်တက်ပြီး ရင်းနှီးမြှုပ်နှံသူများ အခက်အခဲ
ကြုံတွေ့နေရတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ အကြုံပြုတင်ပြခဲ့ပါတယ်။

မြေလက်ဝါးကြီးအုပ်ရယူထားမှုတွေကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက သတ်မှတ်နှုန်းထားနဲ့ လျော်ကြေးပေးသိမ်းဆည်းပြီး မြေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့ လိုတယ်လို့ ယမန်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတင်ပြခဲ့တာဖြစ်ပါတယ်။

အမျိုးသားမြေအသုံးချမူဝါဒအပေါ် ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်
သုံးသပ်ရေးကော်မရှင်က လေ့လာတွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

အစီရင်ခံစာမှာ မြေအားလုံးရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့နိုင်ငံသားများအကျိုးစီးပွားအတွက် လိုအပ်ပါကမြေသိမ်းဆည်းပြီး စီမံခန့်ခွဲခွင့်ကို မူဝါဒမှာ ထည့်သွင်းဖို့ လိုအပ်တယ်လို့လည်း အကြုံပြုခဲ့ပါတယ်။အမျိုးသားမြေအသုံးချမူဝါဒမှာ လက်တွေ့ကျသောလုပ်ငန်းစဉ်တွေရေးဆွဲချမှတ်မှသာ မူဝါဒကို အခြေခံပြီး နိုင်ငံသားများရဲ့အကျိုးစီးပွားအတွက် အမျိုးသားမြေဥပဒေကို
ရေးဆွဲပြဌာန်းနိုင်မယ်လို့ ဆိုပါတယ်။

မြေအသုံးချမှုနှင့် မြေယာဆိုင်ရာစီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားမြေအသုံးချမှုမူဝါဒ ရေးဆွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၊ ဒေသခံတောင်သူများရဲ့မြေယာပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက်ရည်ရွယ်ရေးဆွဲထားတာလည်းဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment