အသစ်ရွေးချယ်တင် မြှောက်ခံရသော အလုပ်အမှု ဆောင်အဖွဲ့အနေဖြင့် မြန်မာ့ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် နိုင်ငံတကာဈေး ကွက်ချဲ့ထွင်နိုင်ရန် ဈေးကွက်မြှင့် တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ အကြိမ်သက်တမ်း အတွက် ဥက္ကဋ္ဌအဖြစ်ထပ်မံရွေးကောက်ခံရသည့်ဦးရန်ဝင်းက ပြောသည်။
အဆိုပါအဖွဲ့ အလုပ်အမှု ဆောင်အသစ်ရွေးကောက်တင် မြှောက်ပွဲကို နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ပြု လုပ်ပြီး ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌများအပါ အ၀င်ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့သစ်ကို မဲပေးသည့် စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။
ယင်းရွေးကောက်ပွဲတွင် ဦး ရန်ဝင်းက ဥက္ကဋ္ဌအဖြစ်ထပ်မံရွေး ချယ်တင်မြှောက်ခံရပြီး ဒုတိယ ဥက္ကဋ္ဌငါးဦး၊ အထွေထွေအတွင်း ရေးမှူးတစ်ဦး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးငါးဦးအပါအ၀င် အဖွဲ့ဝင် ၁၆ ဦး ပါဝင်သည့်အလုပ် အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ် ဖွဲ့စည်းခြင်းဖြစ်သည်။
ထိုကဲ့သို့ ရွေးချယ်ဖွဲ့စည်း သည့် အလုပ်အမှုဆောင်အဖွဲ့သစ်တွင် လူသစ်အများအပြား ပါဝင်ခဲ့ပြီး လူငယ်အများစုပါဝင် လာကြောင်း ရွေးချယ်တင်မြှောက်ခံရသူ တစ်ဦးက ပြောသည်။
‘‘အခုရွေးကောက်ခံလိုက်ရ တဲ့ အဖွဲ့သစ်က တာဝန်တွေတစ် ပုံကြီးနဲ့ သုံးနှစ်ခရီးကို နှင်ရမှာပါ။ ဒီကာလမှာ ဈေးကွက်မြှင့်တင် ရေးအတွက် ပရိုမိုးရှင်းတွေအများ ကြီးလုပ်ဖို့လိုပါတယ်’’အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းကပြောသည်။
ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းဆိုင်ရာ အသင်းပေါင်း ၁၁ သင်းပါဝင်ဖွဲ့စည်းထားသည့် မြန် မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ကို ရွေး ကောက်ပွဲပုံစံမဲပေးရွေးချယ်သည့် စနစ်ဖြင့် ပထမဆုံးအကြိမ်ရွေး ချယ်ဖွဲ့စည်းခြင်းဖြစ်သည်။
အဆိုပါ အသင်းချုပ်သည် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံဧည့်လမ်းညွှန်များအသင်း၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ၀န်ဆောင်မှုအသင်း စသည့်အ သင်းအဖွဲ့ ၁၁ ခု ပါဝင်ဖွဲ့စည်းထား ကာ အသင်းချုပ်သက်တမ်းမှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment