Tuesday, November 29, 2016

ဘာသာရေးကို အခြေခံ၍ ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပွား အစိုးရ၀န်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်းဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံခဲ့ရ

 နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းကစတင်၍ ဘာသာရေးအပေါ် အခြေခံပြီး အင်တာနက်ပေါ်၌အ ပြန်အလှန်ဆိုက်ဘာတိုက်ခိုက် မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရ၀န်ကြီးဌာန၀က်ဘ်ဆိုက်များ အပါအ၀င် စီးပွားရေးလုပ်ငန်းကြီး များ၏ ၀က်ဘ်ဆိုက်များ တိုက် ခိုက်ခံခဲ့ရကြောင်း   သတင်းရရှိ သည်။

‘‘ဘယ်က တိုက်ပါတယ်ဆို တာ ပြောဖို့ခက်ပါတယ်။ လင့်ခ် တွေကနေရာစုံကလာနေကြတာ ပါ။ တိုက်ခိုက်လို့ဘာတွေ ထိခိုက် သွားလဲမေးရင် အရင်ဆုံးဂုဏ် သိက္ခာကို ထိခိုက်ပါတယ်။ဒီနိုင်ငံ မှာက အစိုးရအချင်းချင်း၊ စီးပွား ရေးလုပ်ငန်းနဲ့ အစိုးရအကြား ချိတ်ဆက်ဝန်ဆောင်မှု ဒါတွေမရှိ သေးတော့ အရမ်းကြီးတော့ မထိခိုက်သေးပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက်တွေ၊ မေးလ်တွေကနေပြီးတော့ မကောင်းတဲ့နေ ရာမှာ အသုံးချမှာ စိုးရိမ်ရပါ တယ်’’ဟု နည်းပညာလုံခြုံရေး ကျွမ်းကျင်သူ ဦးရဲကျော်သိန်းက ပြောသည်။
လက်ရှိအချိန်၌ .gov.mm၊ .com.mm အစရှိသည့် မြန်မာ နိုင်ငံမှ ၀က်ဘ်ဆိုက် ၁၀ ခုခန့် ဆုံးရှုံးပြီး တိုက်ခိုက်မှုကို အင်ဒို နီးရှားနိုင်ငံဘက်က စတင်ခဲ့သည် ဟု မြန်မာဟက်ကာအသိုင်းအ ၀ိုင်းမှ သတင်းရရှိသည်။
‘‘Op Myanmar ဆိုပြီးတော့  ၂၄ ရက်နေ့လောက်မှာ အင်ဒို ဘက်နေ Ddos Attack ကို စလုပ် ခဲ့တာပါ။ ဆိုက်တချို့ဆိုရင် Deface လုပ်ခံရပါတယ်’’ဟု Myanmar Black Hacking အဖွဲ့က ပြန်လည်ဖြေကြားသည်။
စတင် Defece လုပ်ခံရသည့်http://uph-myanmar.gov. mm/ ၀က်ဘ်ဆိုက်နှင့် http:// www.aec.com.mm/ ၀က်ဘ် ဆိုက်နှစ်ခုကို လက်ရှိအချိန်၌ ပြန်လည်ဆယ်ယူနိုင်သော်လည်း အပြည့်အ၀တိုက်ခိုက်ခံရမှု ကင်း ရှင်းသည့် အခြေအနေတွင်မရှိ ပေ။
‘‘Ddos အနေနဲ့ သမ္မတရုံး ဆိုက်နဲ့ mofa.gov.mm ကို အဓိ ကထားတိုက်နေတာတွေ့ရ တယ်။ သမ္မတရုံးဆိုက်က ဟက် ခံရတာမျိုးမဟုတ်ဘဲ ဆာဗာက ခဏခဏကျသွားတဲ့ သဘောပါ။ ကျွန်တော်တို့လည်း အကုန်မသိရ သေးဘူး။ မြန်မာဘက်ကလူငယ် တွေအနေနဲ့လည်း အင်ဒိုဘက်ကို ပြန်ပြီးတော့ တိုက်တာတော့ရှိ တာပေါ့’’ဟု Myanmar Black Hacking အဖွဲ့က ပြောသည်။
လက်ရှိအပြန်အလှန်ဆိုက် ဘာတိုက်ခိုက်မှုနှင့်ပတ်သက်၍  Myanmar Computer Emerg-ency Response Team သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း နေ ပြည်တော်ရှိ သက်ဆိုင်ရာဌာနသို့ သာ ဆက်သွယ်မေးမြန်းရန် ညွန်း ဆိုခဲ့သည်။ မြန်မာနိုင်ငံမှ တိုက် ခိုက်ခံခဲ့ရသည့် ၀က်ဘ်ဆိုက်များ တွင် ဘာသာရေးဆိုင်ရာရေးသား ဖော်ပြမှုများရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်ခုတို့သည် ၂၀၁၃ က ယခုကဲ့သို့ အပြန်အလှန် ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပွား ခဲ့သည်။
Credit To >>> 7 Day Daily


0 comments:

Post a Comment