ယခင်က စက်မှုဇုန်များမှာ မော်တော်ယာဉ်များကိုသွင်းကုန်အစားထိုးအဖြစ် ထုတ်လုပ်ခဲကြပေမဲ့ ယနေ့ စီးပွားရေးအရ သုံးစွဲသူအကြိုက်ဈေးကွက်လိုအပ်ချက်နဲ့အညီ ထုတ်လုပ်ရမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။လက်ရှိအစိုးရလက်ထက်မှာ အများပြည်သူသုံး ဘတ်စ်ကား၊ Truck နဲ့ လုပ်ငန်းသုံးမော်တော်ယာဉ်များစွာ ထုတ်လုပ်ဖို့ လိုအပ်ပြီး ဈေးကွက် ချဲ့ထွင်နိုင်ပါက အခွင့်အလမ်များ ရရှိမှာဖြစ်တယ်လို့ ၀န်ကြီးက စက်မှုဇုန်များမှ မော်တော်ယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ လယ်ယာသုံးယာဉ်ယန္တရားများကို စစ်ဆေးအတည်ပြုပေးနေပြီး စက်မှုဇုန်ထုတ်မော်တော်ယာဉ်များကိုအရည်အသွေးမြှင့်မားပြီး ဘေးကင်းလုံခြုံရေးအတွက်ခေတ်မီနည်းပညာသုံးကိရိယာများနဲ့ စစ်ဆေးပြီး Certificateof Approval ထုတ်ပေးမယ်လို့ ဆိုပါတယ်။ထုတ်လုပ်သူတွေအနေနဲ့ မော်တော်ယာဉ်ထုတ်လုပ်ရာမှာစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ လိုအပ်ပြီး သတ်မှတ်ထားတဲ့ မူဘောင်အတွင်းမှာ ဆောင်ရွက်ဖို့ အစိုးရအဖွဲ့မှ လမ်းညွှန်ထားတယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment