ဗြိတိန်နိုင်ငံအနေနဲ့ ယင်းရဲ့ ဆိုက်ဘာလုံခြုံရေးပိုင်းကိုပိုမိုတိုးမြင့်နိုင်ဖို့အတွက် စတာလင်ပေါင် ၁ ဒသမ ၉ ဘီလီယံ
နိုင်ငံ အကျိုးစီးပွား လုပ်ငန်းတွေနဲ့ နိုင်ငံသားတွေကိုဆိုက်ဘာတိုက်ခိုက်မှုရန်ကနေ ကာကွယ်ပေးနိုင်ဖို့အတွက်
အမျိုးသားဆိုက်ဘာလုံခြုံရေး မဟာဗျူဟာသစ်တစ်ခုအနေနဲ့ ဘဏ္ဍာငွေတွေရင်းနှီးမြှုပ်နှံပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး Hammond အနေနဲ့လည်း ယင်းဘဏ္ဍာငွေထောက်ပံ့မတည်မှုကြောင့်ဗြိတိန်နိုင်ငံကို ဘယ်လိုမျိုး
အကာအကွယ်ဖြစ်စေနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ရှင်းလင်းပြောဆိုပေးသွားဖို့ရှိနေပါတယ်။လာမယ့် ငါးနှစ်တာကာလတစ်ခုအတွင်း အကျုံးဝင်နေမယ့် ယခုလို စတာလင်ပေါင် ၁ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၆ ကာလဆိုက်ဘာကာကွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပမာဏထက် နှစ်ဆအထိရှိနေတယ်လို့ သိရပါတယ်။“ ကျွန်တော်တို့ဟာ ခုချိန်မှာ ထိပ်တိုက် ကြုံတွေ့နေရတဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လိုပါတယ်၊ကျွန်တော်တို့ရဲ့မဟာဗျူဟာသစ်ကတော့ ဒီဆိုက်ဘာလုံခြုံမှုပိုင်းဆိုင်ရာပိုင်းမှာပိုမိုကောင်းမွန်သွားစေနိုင်ပါတယ်” လို့ Hammond က ထုတ်ပြန်ချက်မှာပြောထားပါတယ်။
အလားတူ နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေး အစီအစဉ်သစ်အရလည်းဗြိတိန်အစိုးရအနေနဲ့ ဆိုက်ဘာလုံခြုံရေး သုတေသန ဌာနသစ်တစ်ခုကိုပါထူထောင်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
Cxredit To >>> SFJ Strategy First Journal
0 comments:
Post a Comment