Monday, November 28, 2016

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီကို အသစ်ဖွဲ့စည်းမည့် ကျောင်းသားထုညီလာခံ ဖြစ်မြောက်ရေး အကြိုအစည်းအဝေး ဒုတိယနေ့တွင် ကျောင်းသားသမဂ္ဂအချို့ ဆက်လက် မဆွေးနွေးတော့ဘဲ အစည်းအဝေးမှ နုတ်ထွက်

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီကို အသစ်ဖွဲ့စည်းမည့် ကျောင်းသားထုညီလာခံ ဖြစ်မြောက်ရေး အကြိုအစည်းအဝေး ဒုတိယနေ့ (နိုဝင်ဘာ ၂၇ ရက်) ၌ တက္ကသိုလ်ကျောင်းသားသမဂ္ဂအချို့ ဆက်လက် မဆွေးနွေးတာ့ဘဲ အစည်းအဝေးမှ နုတ်ထွက်သွားကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကလေးတက္ကသိုလ်တို့မှ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များက အသစ်ဖွဲ့စည်းမည့် ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ရွေးချယ်သည့် မူဝါဒများနှင့် ပတ်သက်ပြီး သဘောထားမတူညီမှုများကြောင့် အစည်းအဝေးက ထွက်ခွာသွားခြင်းဖြစ်သည်ဟု သိရသည်။


ယင်းကဲ့သို့ နုတ်ထွက်သွားမှုကြောင့် ညနေပိုင်းတွင် ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်များက နုတ်ထွက်သွားသော ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ နုတ်ထွက်သွားသည့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များက လက်ရှိတက်ရောက်လာသော ကျောင်းသားကိုယ်စားလှယ်များ၏ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများအား အခြေခံအင်အားဖြစ်သော အလုပ်အမှုဆောင် ဖွဲ့စည်းထားရှိမှုအခြေအနေကို ပြန်လည်စိစစ်ပေးရန်၊ ဦးဆောင်ကော်မတီအသစ်တစ်ရပ် ရွေးချယ်ဖွဲ့စည်းရာတွင် အခြေခံအင်အားရှိသော ကျောင်းသားသမဂ္ဂများမှ ၈၅ ရာခိုင်နှုန်း၊ အခြေခံအင်အားမရှိသော ကျောင်းသားသမဂ္ဂများမှ ၁၅ ရာခိုင်နှုန်းဖြင့် ထည့်သွင်းဖွဲ့စည်းပေးရန် အချက်နှစ်ချက်အား တောင်းဆိုခဲ့သည်။

အဆိုပါ အချက်နှစ်ချက်ကို အစည်းအဝေး တက်ရောက်နေသည့် ကျန်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များက သဘောတူ မတူ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် သဘောတူသည်ဟု ဆုံးဖြတ်ခဲ့သည်။

ဦးဆောင်ကော်မတီအသစ် တစ်ခု ရွေးချယ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ်စားလှယ်တွေ ဘယ်လိုရွေးချယ်မလဲဆိုတဲ့ မူတွေကို ဆွေးနွေးပါတယ်။ ရွေးကောက်ပွဲအတွက် မဲရွေးချယ်ရေးကော်မတီကို ဖွဲ့ခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂတွေဟာ အင်မတန် ရုန်းကန်ရတဲ့ အခြေအနေတွေကို ရုန်းကန်နေရတုန်းပါ။ ကျောင်းအာဏာပိုင် ဒါမှမဟုတ် အစိုးရရဲ့ တရားဝင်ခွင့်ပြုချက် မရတဲ့အတွက် ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်း မတူနိုင်ပါဘူး။ တချို့ကျောင်းတွေက သမဂ္ဂတွေအနေနဲ့ တရားဝင်ရုံးခန်းတွေ ရတယ်။ စာကြည့်တိုက်တွေ ရတယ်။ တချို့ကျောင်းတွေက မရဘူး။ အဲဒီအခြေအနေပေါ်မှာ သဘောထားကွဲလွဲမှု ဖြစ်ပါတယ်။ ဖြစ်တဲ့အတွက် ထွက်ခွာသွားတဲ့ ကျောင်းသားတွေဟာ နောင်လာမယ့် ညီလာခံကြီးမှ တက်မယ်။ အဲဒီကျမှ အရွေးခံမယ်ဆိုတာမျိုး ဆုံးဖြတ်ကြပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ လွှဲပြောင်းပေးမယ့် ဦးဆောင်ကော်မတီမှာ သူတို့မပါတော့ဘူးဟု အစည်းအဝေးမှ ထွက်ခွာသွားသည့် ကျောင်းသားများအား သွားရောက်ညှိနှိုင်းခဲ့သူ ကိုမိုးထက်နေက ပြောကြားသည်။

အစည်းအဝေးမှ နုတ်ထွက်သွားသည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရဲမျိုးဆွေက ယင်းဖြစ်ရပ်အပေါ် လိုအပ်လာလျှင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment