စီးပွားရေးတည်ငြိမ်ပြီး သင့် လျော်သည့်ကာလတွင် ငွေသစ် ရိုက်ထုတ်မည်ဟူသော သတင်း နှင့် ဒေါ်လာဈေးအတက်အကျ ကြောင့် ရွှေဈေးကွက်အတွင်း အ ရောင်းအဝယ် ပြန်လည်ဖြစ်လာ ခြင်းဖြစ်ကြောင်း ရွှေဆိုင်နှင့် ရွှေ လုပ်ငန်းရှင်များထံမှ သတင်းရရှိ သည်။ စီးပွားရေးတည်ငြိမ်ချိန် တွင် ငွေအသစ်ထုတ်မည်ဟူသော သတင်းကြောင့် ဈေးကွက်အတွင်း ဈေးတက်မည်ဟု ခန့်မှန်းသော်လည်း ဒေါ်လာဈေး ပြန် လည်ကျဆင်းခြင်းကြောင့် ရွှေဈေးပါ ပြန်လည်ကျဆင်းလာပြီး ရွှေပြန်လည်ရောင်းချသူ အများအပြားရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
‘‘အရင်တုန်းက ငွေစက္ကူအ သစ်ရိုက်မယ်လို့ အစိုးရက အရိပ်အမြွက်ပြတာနဲ့ ရွှေဈေးတက်တယ်။ အခု တစ်နေ့တည်းကို ကျပ် ၁၀,၀၀၀ လောက် ကျသွားတယ်။ ထူးခြားတယ်လို့ဆိုရမယ်’’ဟု ၎င်းက ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက်တွင် အ မေရိကန်တစ်ဒေါ်လာလျှင် ကျပ်၁,၂၅၀ ကျော်အထိ မြင့်တက်ပြီးနောက် ပြည်တွင်းအခေါက်ရွှေ ဈေး တစ်ကျပ်သားလျှင် ကျပ် ၈၇၅,၀၀၀ ထိ ဈေးပေါက်ခဲ့သည်။ နိုဝင်ဘာ ၂၂ ရက်တွင် ၈၆၅,၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။
ရွှေအတုံးလိုက် ရောင်းချ သည့် ရွှေဈေးကွက်အတွင်း ပြန် လည်ရောင်းချမှု ရှိသော်လည်း ရွှေဆိုင်များတွင် လက်ဝတ်ရတနာရွှေထည်များ အဝယ်များခဲ့ကြောင်း ရွှေဆိုင်များထံမှ သတင်းရရှိသည်။
‘‘ဒီနေ့ ဆိုင်တွေမှာ ရွှေဈေး ကျတယ်ဆိုပြီး လာဝယ်ကြတဲ့သူ တွေများတယ်။ ဒါပေမဲ့ ထူးထူး ခြားခြားကြီး အဝယ်လိုက်တာ တော့ မဟုတ်ဘူး။ ပုံမှန်ရောင်း အားကောင်းတဲ့ ပုံစံမျိုးပါ’’ဟု အောင်သမာဓိရွှေဆိုင် မန်နေဂျာ ဦးမော်ကပြောသည်။
လက်ရှိတွင် ရွှေဆိုင်များ သည် ရွှေရောင်းအားကောင်း သည့် ကာလဖြစ်ပြီး တောင်သူ လယ်သမားများ သီးနှံပေါ်သည့်အချိန်ဖြစ်၍ ရွှေစုသည့်ကာလဖြစ် ကြောင်း မန္တလေးမှ ရွှေဆိုင်ပိုင် ရှင်တစ်ဦးကပြောသည်။
‘‘ရွှေလောကမှာ နိုင်ငံရေး ခေါင်းဆောင် အပြောင်းအလဲမှာ ရွှေရောင်းအားတက်ခဲ့တယ်။ ဝယ်တဲ့သူက ဘာရွှေလို့တောင်မကြည့် ဘဲ တွေ့တာအကုန်ဝယ်တာ။ အဲ ဒီလိုမျိုး တစ်ခါဖြစ်ဖူးတယ်။ အခု က အဲဒီလိုမျိုး ထူးထူးခြားခြားဖြစ် လာတာ မရှိသေးဘူး’’ဟု ရွှေဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment