Friday, November 25, 2016

ဆိုလာနည်းပညာနဲ့ လျှပ်စစ်စွမ်းအားထုတ်လုပ်ပေးမယ့် ကားလမ်းမတွေကို ၂၀၁၈ ကစပြီးတစ်ကမ္ဘာလုံးမှာအသုံးနိုင်တော့မယ်



နေစွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်ပြန်လည်ထုတ်လုပ်ပေးနိုင်မယ့်လမ်းမကြီးတွေဟာ မကြာခင်မှာသင့်အနားမှာရောက်ရှိလာတော့မှာပါ။
ပြင်သစ်နိုင်ငံအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီကြီး Bouygues SA ဟာ အလွန် အကြမ်းခံနိုင်တဲ့ ဆိုလာပြားတွေကိုထုတ်လုပ်လိုက်ပြီဖြစ်ပြီးတော့ ဒီ ဆိုလာပြားတွေဟာ ၁၈ဘီးတပ် truckကားကြီးတွေရဲ့အလေးချိန်ကိုတောင်ခံနိုင်မှာဖြစ်ပါတယ်။ ယခုဆိုရင် အသစ်ထုတ်လုပ်လိုက်တဲ့ ဒီဆိုလာပြားတွေကိုအသုံးပြုပြီး ကားလမ်းမတွေခင်းဖို့အတွက်ကို လုပ်ဆောင်နေကြပါတယ်။

၅ နှစ်နီးပါးလောက် လေ့လာစမ်းသပ်မှုတွေ ပြုလုပ်နေတာဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ် အစောပိုင်းလောက် မှာ ဒီနည်းပညာကို တစ်ကမ္ဘာလုံးမှာ စတင်အသုံးပြုလို့ရတော့မှာဖြစ်တယ်လို့ဆိုပါတယ်။

ကားလမ်းမတွေကို တစ်ခြားနေရာတစ်ခုမှာပါအကျိုးရှိအောင်အသုံးချနိုင်ဖို့အတွက် ကျွန်တော်တို့စဉ်းစား ပြီးဒီနည်းပညာကို တီထွင်ခဲ့တာဖြစ်တယ်လို့ Bouygues SA ရဲ့ chief technology officerဖြစ်တဲ့ Philippe Harelle က ပြောပါတယ်။

ဆိုလာ နည်းပညာနဲ့ လျှပ်စစ်စွမ်းအားထုတ်လုပ်ဖို့အတွက်ကုန်ကျစရိတ်တွေကျဆင်းလာတဲ့နောက်မှာ ဆိုလာပြားတွေကို ပုံစံအမျိုးမျိုးနဲ့ထုတ်လုပလာကြပါပြီ။ပြီးခဲ့တဲ့ လတုန်းကလည်း Tesla က ဆိုလာခေါင်မိုးတွေကိုဈေးသက်သက်သာသာနဲ့ မိတ်ဆက်ခဲ့ပါတယ်။ Sweden’ နိုင်ငံ ရဲ့ Scania နဲ့ အမေရိကန်နိုင်ငံမှ Solar Roadways တို့ဟာလည်း ဆိုလာပြားတွေနဲ့ ပလက်ဖောင်းတွေပြုတည်ဆောက်ဖို့ပြုလုပ်နေပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment