Wednesday, November 23, 2016

နိုင်ငံ့ကုန်သွယ်မှုတိုးတက်ဖို့ ကုန်စည်ထောက်ပံ့သယ်ယူပို့ ဆောင်ရေးလိုအပ်ချက်တွေကြီးမားနေဆဲ


နိုင်ငံ့ကုန်သွယ်မှုတိုးတက်ရေးအတွက် ကုန်စည်ထောက်ပံ့သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေကြီးမားနေဆဲလို့ အကောက်ခွန်ရှင်းလင်းရေးနဲ့ ကုန်စည်ပို့ဆောင်ရေး စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောဆိုပါတယ်
မှန်ကန်တဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်မှာ ရှိမနေတာကြောင့်လည်း ပြည်တွင်းပို့ဆောင်ရေးလုပ်ငန်းတွေအပေါ်မှာရှိနေတဲ့ ကုန်ကျစရိတ်တွေက နိုင်ငံတကာတင်ပို့နေတဲ့ ကုန်စည်ပို့ဆောင်စရိတ်တွေထက် ပိုမိုကြီးမားနေခြင်းဖြစ်တယ်လို့ ပြည်တွင်း logistic လုပ်ငန်းတစ်ခုဖြစ်တဲ့ E.F.R Group of companies ရဲ့ ဥက္ကဋ္ဌဦးကျော်လွင်ဦးကပြောပါတယ်။

“အစိုးရကပို့ကုန် ၃ ဆတင်မယ်ဆိုရင် Logistic မရှိပဲဘယ်လို့လုပ်မလဲ၊ Logistic အပိုင်းမှာဆိုရင် သဘောင်္လိုင်းတွေကော လေယာဉ်တွေကော အားလုံးလိုသေးတာပေါ့။ နိုင်ငံတော်အပိုင်ကလည်း ကုန်သွယ်မှုကိုမြင့်တဲ့ နေရာမှာ Logistic အပိုင်းကိုမေ့နေတယ်”လို့သူကပြောပါတယ်။

နိုင်ငံတွင်းရေကြောင်းသွားလာမှုတွေရှိသော်လည်း ပြည်တွင်းကုန်စည်ပို့ဆောင်ရေးအများစုက ကုန်လမ်းပေါ်မှာ အခြေတည်သွားလာနေတာကြောင့်လည်း မလိုလားအပ်တဲ့စရိတ်ကြီးမြင့်မှုတွေဖြစ်လာပြီးနိုင်ငံတကာနဲ့ယှဉ် ပြိုင်နိုင်စွမ်းနိမ့်ကျမှုတွေ ဖြစ်လာစေတယ်လို့ အကောက်အခွန်ရှင်းလင်းရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း တည်ထောင်သူအဖွဲ့ဝင်ဖြစ်သူကဆက်ပြီးပြောပါတယ်။

“အခုအကိုတို့ဆီမှာရှိတဲ့ Logistic အပိုင်းဆိုရင် ပုဂ္ဂလိကတွေက နိုင်ငံတကာနဲ့ချိပ်ဆက်လုပ်ကိုင်နေပြီဆိုတော့ ဘယ်လိုတွေလုပ်ကိုင်နေပြီလဲဆိုတာသိပေမယ့် ဆိုင်ရာဝန်ကြီးဌာနအပိုင်းကမသိတာ။ ဘာတွေပြောင်းလဲပေးလဲဆိုတော့ ဘာမှမပောင်းလဲသေးဘူး၊ လာဘ်ပေးလာဘ်ယူမှုတွေလည်းရှိနေဆဲပဲ”လို့ ဦးကျော်လွင်ဦးကပြောပါတယ်။

အစိုးရရဲ့ပို့ကုန်တိုးမြင့်ရေးရည်မှန်းချက်ပြည်မီဖို့အတွက် နိုင်ငံအတွင်းက ကုန်စည်ပို့ဆောင်ရေးနဲ့ ဆိပ်ကမ်းဝန် ဆောင်မှုလုပ်ငန်းတွေ အခြေခံအဆောက်အအုံကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးလုပ်န်းအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဒေါက်တာစိုးထွန်းကလည်း ပြောဆိုထားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment