Tuesday, October 25, 2016

တပ်မတော်နှင့် SSPP/SSA သီပေါမြို့နယ်တွင် တိုက်ပွဲဖြစ်၍ ဒေသခံ ၁,၀၀၀ ခန့်နေရပ်ကို စွန့်ခွာ တိမ်းရှောင်

မြန်မာ့တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့ သီပေါမြို့နယ် အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့မှု ကြောင့် ဒေသခံတစ်ထောင်ခန့် နေရပ်ကိုစွန့်ခွာ တိမ်းရှောင်နေရ ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားလော့ကျေးရွာ အနီးတွင် အောက်တိုဘာ ၂၃ ရက်က အရှေ့မြောက်ပိုင်းစစ်ဌာန ချုပ် (ရမခ) လက်အောက်ခံစစ် ကြောင်းနှင့် SSPP/SSA တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲများဖြစ်ပွားခဲ့မှုနှင့် နယ်မြေလုံ ခြုံရေးအနေအထားများအရ နားလော့၊ ဆယ်ခန်အပါအ၀င် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာဆယ်ရွာခန့်မှ ဒေသခံတစ်ထောင်ခန့်သည် နီးစပ်ရာကျေးရွာများမှ ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေရကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများကဆိုသည်။

‘‘လောလောဆယ် ခိုလှုံနေ တာ စခန်းလေးခုရှိတယ်။ ဘုန်း တော်ကြီးကျောင်းတွေမှာ များပါ တယ်’’ဟု စစ်ဘေးရှောင်ပြည်သူ များအား ကူညီနေသည့် စိုင်းဆမ် လိုင်းက ပြောသည်။

တိမ်းရှောင်သူများသည် မိုင်းခေးကျေးရွာတွင် ငါးရာခန့်၊ နားမခေါ်ကျေးရွာတွင် တစ်ရာ ကျော်၊ နားအွမ်ရွာတွင် သုံးရာ ကျော်နှင့် ထောင်ကျဲရွာတွင် သုံးရာ ခန့်ရှိပြီး နီးစပ်ရာ ဆွေမျိုးများထံ တွင် ခိုလှုံနေသူများလည်းရှိ ကြောင်း သတင်းရရှိသည်။

ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) အဖွဲ့ဝင်ဖြစ်သည့် SSPP/SSA သည် အစိုးရနှင့် အ ပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ၂၀၁၂ ဇန်န၀ါရီလက ရေးထိုး ထားသည်။ သို့သော် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိ သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment