အဆိုပါတားမြစ်ချက်ကြောင့် လမ်းအကျယ် ပေ ၁၅၀ ဖောက် လုပ်မည်ဆိုပါက သစ်ပင်ပေါင်း ခုနစ်သောင်းကျော် ဖယ်ရှားရမည် ဖြစ်၍ လမ်းအကျယ်ပေ ၅၀ သို့ လျှော့ချဖောက်လုပ်ရန်စီစဉ်နေ ကြောင်း စီမံကိန်းဆောင်ရွက်နေ သည့် Axiom Mandalay High way ဆောက်လုပ်ရေးကုမ္ပဏီမှ သတင်းရရှိသည်။
Axiom ကုမ္ပဏီက တည် ဆောက်မည့် လမ်းအူကြောင်းပုံစံ အရ လမ်းအကျယ် ပေ ၁၅၀ ဖြင့် ဖောက်လုပ်မည်ဆိုပါက လမ်းအ ရှည် ၁၄ မိုင်၊ ၂၇၃ ဧကသည် သစ်တောဧရိယာအတွင်းမှဖြတ် ၍ ဖောက်လုပ်ရမည်ဖြစ်သဖြင့် တမလန်းပင် ၅၆၀ ၊ သစ်ရာပင် ၂၂၄ ပင်၊ သဘာဝအလျောက် ပေါက်နေသည့် လုံးပတ်တစ်ပေ နှင့်အထက် သစ်ပင်ပေါင်း ၇၃,၃၅၂ ပင်ကိုဖယ်ရှားရမည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘တိုင်းအစိုးရအဖွဲ့ထဲက သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးက ဒီ စီမံကိန်းဟာ သစ်ပင်တွေအများ ကြီးဖယ်ရှားရမှာဖြစ်တဲ့အတွက် ကန့်ကွက်ပါတယ်ဆိုတဲ့စာကို ကျွန်တော်တို့ သယံဇာတနဲ့ ပတ် ၀န်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဆီ စာ ပို့တယ်။ ၀န်ကြီးကလည်း ကန့် ကွက်တာကို သဘောတူတယ်ဆို ပြီး အကြောင်းကြားတဲ့အတွက် ဒါကိုတားမြစ်ထားတာဖြစ်ပါ တယ်။ နောက်ထပ်အကြောင်း ကြားတာမျိုး ထပ်မရှိသေးပါဘူး’’ ဟု သစ်တောဦးစီးဌာန (မန္တလေး) ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။
လက်ရှိတွင် အဆိုပါစီမံ ကိန်းသည် မန္တလေး ပုသိမ်ကြီး မြို့နယ်ဘက်မှ ၆ မိုင် ၆ ဖာလုံ ခန့်ကို လမ်းအူကြောင်း ဖောက် လုပ်ထားသည်။
ပြင်ဦးလွင်မြို့နယ် သစ် တောဦးစီးဌာနက သစ်တောကြိုး ၀ိုင်းကိုဖြတ်၍ လမ်းဖောက်ရမည့် အစီအစဉ်ကြောင့် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် တားမြစ် ချက်အရ ၂၀၁၆ ဧပြီကစ၍ လုပ် ငန်းများရပ်တန့်ထားကြောင်း Axiom ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိ သူ ဦးစိုးမြတ်သူကပြောသည်။
‘‘သစ်တောဧရိယာကို ဖြတ် ရမှာဖြစ်လို့၊ စဉ်းစားနေဆဲဖြစ်လို့ လုပ်ငန်းတွေ ခေတ္တဆိုင်းငံ့ထား ပေးဖို့ နှုတ်နဲ့တားထားတဲ့အတွက် လုပ်ငန်းတွေရပ်ထားပါတယ်။ မူ လက စီစဉ်ထားတဲ့အတိုင်း လမ်း အကျယ် ပေ ၁၅၀ ယူလိုက်ရင် အပင်တွေ ဆုံးရှုံးမှုများမှာဖြစ်တဲ့ အတွက် လမ်းအကျယ်ကို ပေ ၅၀ လောက်ပဲယူပြီး တည်ဆောက် သွားဖို့လျာထားပါတယ်။ဌာနက အကြောင်းပြန်တာကို စောင့်နေ တုန်းပါ။ ဘယ်လိုပုံစံနဲ့ ခွင့်ပြုမလဲ တော့ မသိသေးပါဘူး’’ဟု ဦးစိုး မြတ်သူကပြောသည်။
လမ်းအကျယ် ပေ ၅၀ သို့ လျှော့ချဖောက်လုပ်မည်ဆိုပါက သဘာဝအလျောက် ပေါက် ရောက်နေသည့်သစ်ပင် ၂၄,၄၅၀ ကိုသာ ဖယ်ရှားရတော့မည်ဖြစ် ပြီး ကုမ္ပဏီအနေဖြင့် လမ်းဘေး ၀ဲယာတွင် လေကာပင်အနေဖြင့် အပင်ပေါင်းတစ်သိန်းကိုလည်း ပြန်လည်စိုက်ပျိုးပေးမည်ဖြစ် ကြောင်း ဦးစိုးမြတ်သူကပြော သည်။
‘‘အပင်တွေဖယ်ရှားတဲ့အ တွက် တစ်ပင်ကို ဘယ်လောက် နှုန်းနဲ့ ပေးဆောင်ရမယ်ဆိုတာ ကလည်း နိုင်ငံတော်ကသတ်မှတ် ပေးတဲ့အတိုင်းပဲ ပေးဆောင်သွား မှာပါ။ ဖယ်ရှားမယ့်အပင်တွေကို လည်း နိုင်ငံတော်ကပဲ ရရှိမှာဖြစ် ပြီးတော့ လက်ရှိမှာအပင်တစ်ပင် ကိုမှ ဖယ်ရှားတာမျိုးမလုပ်ရသေး ပါဘူး။ ပျိုးပင်တစ်သိန်းကိုလည်း အသင့်ပျိုးပြီးဖြစ်ပါတယ်’’ဟု ဦး စိုးမြတ်သူကပြောသည်။
လက်ရှိပြင်ဦးလွင်-မန္တလေး လမ်းမှာ ၄၂ မိုင်ရှည်လျားပြီး ၂၂ ဘီးပါသော ကုန်တင်နောက်တွဲ ယာဉ်ကြီးများအပါအ၀င် ပျမ်းမျှ ယာဉ်အစီးရေ တစ်သောင်းခွဲခန့် နေ့စဉ်သွားလာနေပြီး မကြာခဏ လမ်းပိတ်ဆို့မှုများ ဖြစ်လေ့ရှိကာ ယာဉ်မတော်တဆမှုများလည်း ဖြစ်ပေါ်နေသောကြောင့် ၂၂ မိုင် သာ ရှည်လျားပြီး အိမ်စီးကားနှင့် ကားငယ်များ သီးသန့်သွားစေ မည့် ဖြတ်လမ်းသစ်ကို ဖောက် လုပ်ရန်စီစဉ်ခြင်းဖြစ်ကြောင်းသိရ သည်။
အဆိုပါ လမ်းသစ်တည် ဆောက်ခြင်းကို ယခင်အစိုးရ လက်ထက် ၂၀၁၅ မေလအတွင်း က တိုင်းအစိုးရနှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ရ ယူ၍ အကြိုလေ့လာဆန်းစစ်မှု များပြုလုပ်ခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာ တွင် BOT စာချုပ်ချုပ်ဆိုရန် မူ ကြမ်းကို ရှေ့နေချုပ်ရုံးသို့တင်ပြ ခဲ့သည်။ ၂၀၁၆ ဖေဖော်ဝါရီတွင် သဘောတူညီမှုရရှိခဲ့၍ တိုင်းအစိုး ရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့နှင့် နှစ် ၅၀ လုပ်ကိုင်ခွင့် BOT စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း Axiom ကုမ္ပဏီမှသိရသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment