Monday, October 24, 2016

လက်တွဲဖြုတ်လိုကြောင်းသမ္မတကပြောကြားခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် ထိပ်တန်းသံတမန်တွေ့ဆုံမည်


အာရှဒေသဆိုင်ရာ အကြီးတန်းအမေရိကန်သံတမန်တစ်ဦးသည် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ကာလကြာရှည်မဟာမိတ်အဖြစ်လက်တွဲလာခဲ့သည့် နှစ်နိုင်ငံကြား ဆက်ဆံရေးအရှုပ်အထွေးဖြစ်ပေါ်နေချိန် တနင်္လာနေ့၌ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း မနီလာမြို့ရှိ အမေရိကန်သံရုံးကပြောသည်။
အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရက်ပ်ဆဲ သည် ထိုင်းနှင့် ကမ္ဘောဒီးယားအပါအ၀င် သုံးနိုင်ငံခရီးတစ်စိတ်တစ်ပိုင်းအဖြစ် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၄င်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာသည်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တရုတ်နိုင်ငံနှင့် ပြန်လည်လက်တွဲပြီး အမေရိကန်နှင့် လက်တွဲဖြုတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖိလစ်ပိုင်နှင့် အမေရိကန်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေးအဖုအထစ်ဖြစ်ပေါ်လာသည့်အတွက် ရောက်ရှိလာခြင်းလည်းဖြစ်သည်။ အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ အနီးစပ်ဆုံးလုံခြုံရေးမဟာမိတ်နိုင်ငံနှင့် အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတစ်ခုဖြစ်သည်။
Credit To >>> Democracy Today

0 comments:

Post a Comment