Monday, October 31, 2016

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အမေရိကန်စီးပွားရေး အမြန်ဆုံးနှုန်းနဲ့ တိုးတက်လာနေ

အမေရိကန်စီးပွားရေးတိုးတက်မှုနှုန်းဟာ ယခုနှစ်တတိယသုံးလပတ်တုန်းက ၂ ဒသမ ၉ ရာခိုင်နှုန်း နဲ့ တိုးတက်မှုနှုန်းမြန်ဆန်လာခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။
ပြည်ပပို့ကုန်တင်ပို့မှုလုပ်ငန်းထဲမှာ သိသိသာသာ ခုန်တက်တိုးတက် ထားမှုနဲ့ ဖောက်သည်စားသုံးမှုပိုင်း အားကောင်းခဲ့
တာတွေကြောင့် ယခုလို စီးပွားရေးတိုးတက်မှုနှုန်း မြန်ဆန်ခဲ့တာဖြစ်တယ်လို့လည်း
ဆိုထားပါတယ်။
နိုင်ငံမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၁၁ ရက်လောက်သာ လိုတော့တဲ့အချိန်မှာ စီးပွားရေးဟာ အဓိကကျတဲ့ ကိစ္စရပ်တစ်ခုအဖြစ် ရှိနေချိန်မှာပဲ ဂျီဒီပီအချက်လက်တွေအရတော့ နှစ်နှစ်တာအတွင်း အားအကောင်းဆုံးတိုးတက်မှုကို မြင်တွေ့ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ယခု အစီရင်ခံစာထဲက တိုးတက်မှုရလဒ်တွေနဲ့ပတ်သက်လို့ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီက ချီးကျူးပြောဆိသွားခဲ့ပြီး ဒါဟာ ဘဏ္ဍာရေးအကျပ်အတည်းတစ်ခုကနေ ပြန်လည်လွတ်မြောက်လာနိုင်ခဲ့ပြီဆိုတာကို ပြသနေတဲ့သက်သေတစ်ခုဖြစ်တယ်လို့ ဆိုသွားပါတယ်။
အလားတူ အခြေခံအဆောက်အအုံကဏ္ဍမှာ ရင်းနှီးမြှုပ်နှံပြီးတော့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးသွားမယ့် အစီအစဉ်တစ်ခုလည်း သူမဆီမှာ ရှိနေတယ်လို့ ဟီလာရီက ပြောပါတယ်။
တစ်ဘက်မှာတော့ ယခုတိုးတက်မှုအချက်အလက်တွေနဲ့ပတ်သက်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဘ
က်က မှတ်ချက်ပြု ပြောဆိုထားခြင်းမျိုးတော့ မတွေ့ရသေးပါဘူး။
ယခုလို ဂျီဒီပီအစီရင်ခံစာမှာ တိုးတက်မှုတွေမြင်တွေ့ခဲ့ရတာက ဗဟိုဘဏ်အနေနဲ့လည်း ယခုနှစ်အတွင်း အတိုးနှုန်းတွေ မြင့်တင်နိုင်ဖို့ဖိအားတွေ တိုးပွားသွားစေနိုင်တယ်လို့လည်း ယူဆရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment