လာမယ့် ငါးနှစ်အတွင်းမှာတော့ ကမ္ဘာ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုထဲမှာ တရုတ်နိုင်ငံရဲ့ ထည့်ဝင်ပါဝင်မှုက ၃၀ ရာခိုင်နှုန်းထိ ရှိလာလိမ့်မယ်လို့ ကျွမ်းကျင်သူတစ်ဦးက အောက်တိုဘာလ ၃၀ ရက်မှာ ပြောကြားသွားပါတယ်။
တရုတ်စီးပွားရေး တိုးတက်ပြောင်းလဲမှုက ကမ္ဘာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ မောင်းနှင်အားတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဌာနက ဒါရိုက်တာChi Fulin က ပြောကြားသွားတာဖြစ်ပါတယ်။
အောက်တိုဘာလ ၂၉ ရက်က ကျင်းပတဲ့ တရုတ်ပြုပြင်ပြောင်းလဲရေးဖိုရမ်က ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားတာလည်းဖြစ်ပါတယ်။
နောင် ငါးနှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေးက တစ်ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ထွားလာမှာဖြစ်ပြီးတော့ မျှခြေသစ်တစ်ခုည်း ရလာဖို့ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
တစ်ဘက်မှာလည်း လက်ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအသွင်ကူးပြောင်းမှုတွေက ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအပေါ် များစွာ သက်ရောက်လာဖို့ရှိတယ်လို့လည်း
ဆိုပါတယ်။
“ လာမယ့်ငါးနှစ်အတွင်းမှာတော့ ကမ္ဘာ့စီးပွားရေးအပေါ်မှာ တရုတ်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုကနေ ထည့်ဝင်ထောက်ကူမှုက ၂၅ ကနေ ၃၀ ရာခိုင်နှုန်းထိ ရှိလာမယ့်လို့ခန့်မှန်းရပါတယ်” လို့ ၎င်းက ပြောဆိုသွားပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment