ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ ယင်းဟာသတင်းကောင်းတစ်ရပ်ဖြစ်တယ်လို့ ပြောကြားလိုက်ပြီးတော့ အဆိုပါအခမ်းအနားကို တက်ရောက်သွားမယ်လို့ ဆိုလိုက်ပါတယ်။
အဆိုပါ စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ကြာ သပတေးနေ့ကတည်းက စီစဉ်ထားခဲ့ပေမယ့် ဘယ်လ်ဂျီယံဒေသ တစ်ခုက ကန့်ကွက်ခဲ့တာကြောင့် ပျက်ပြားခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အစဉ်တစ်စိုက် ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ယခုအခါ အဆိုပါကုန်သွယ်မှုစာချုပ်ကိုအောက်တိုဘာ ၂၈ ရက်မှာတော့ အီးယူအဖွဲ့ဝင်နိုင်ငံတွေအားလုံးအကြား ဘုံသဘောတူညီချက်တစ်ခုကို ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။
အီးယူ-ကနေဒါအကြား ကျယ်ပြန်တဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှု သဘောတူညီမှုစာချုပ် CETA ကိုတော့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ အားလုံးအတည်ပြုထောက်ခံပေးဖို့လိုအပ်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယင်းစာချုပ်ကြီးနဲ့ပတ်သက်လို့ ဘယ်လ်ဂျီယံရဲ့ပြင်သစ်စကားပြော ဒေသတစ်ခုက ယင်းရဲ့အလုပ်သမား၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူသုံးကုန်စံနှုန်းတွေကို ပိုမိုကာကွယ်ပေးဖို့ တောင်းဆိုရာကနေ ကန့်ကွက်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဆွေးနွေးမှုတွေ ကြန့်ကြာ ထားခဲ့ရတာဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment