Wednesday, October 26, 2016

တရုတ်ရဲ့ ယွမ်ငွေတန်ဖိုး အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ခြောက်နှစ် တာအတွင်းအနိမ့်ဆုံးနှုန်းအထိ ကျဆင်း

တရုတ်ရဲ့ ယွမ်ငွေကြေးတန်ဖိုးဟာ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ခြောက်နှစ်တာအတွင်း အနိမ့်ဆုံးနှုန်းထားတစ်ခုထိ တန်ဖိုးကျဆင်းလျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာ ၂၄ ရက်က ယွမ်ငွေတန်ဖိုးဟာ အဆိုးဆုံးကျဆင်းမှုအဖြစ် တစ်ဒေါ်လာကို ၆ ဒသမ ၇၆၉၀ ထိ ကျဆင်းခဲ့တယ်လို့ China Foreign Exchange Trade system အရ သိရပါတယ်။
ယင်းနှုန်းထားဟာ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလနောက်ပိုင်းကတည်းက အနိမ့်ဆုံးနှုန်းထားအဆင့်လည်း ဖြစ်လာခဲ့ပြီး တစ်ဘက်မှာတော့ အမေရိကန်တို့ရဲ့ ဘဏ်အတိုးနှုန်း တိုးမြင့်နိုင်မယ့် အလား
အလာတွေတိုးမြင့်နေခဲ့တာကြောင့် ဒေါ်လာငွေကြေးတန်ဖိုးကို ပိုမိုအားကောင်းလာစေလျက်ရှိနေပါတယ်။
တရုတ်ရဲ့ ယွမ်ငွေတန်ဖိုးဟာ ယခင်ကာလတွေမှာလည်း ကျဆင်းမှုတွေရှိခဲ့ပေမယ့်လည်း ယခုလအတွင်းမှာ အဆိုးရွားဆုံးကျဆင်းခဲ့တာလည်းဖြစ်ပါတယ်။ အလားတူ ယင်းဟာလည်း ပြီးခဲ့တဲ့ သြဂုတ်-စက်တင်ဘာလနဲ့ နှိုင်းယှဉ်ရင် သိသာတဲ့ အပြောင်းအလဲ တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။တရုတ်အစိုးရအနေနဲ့ ဂျီ ၂၀ အုပ်စု ထိပ်သီးအစည်းအဝေးနဲ့ ယွမ်ငွေကြေးကို IMF ရဲ့ အရန်ငွေစာရင်းထဲ မပါမီကာလတွေတုန်းကတော့ ယင်းရဲ့ယွမ်ငွေတန်ဖိုးကို အခြားငွေကြေးတွေနဲ့ယှဉ်ရင် တော်တော်လေး ကျားကန်ထားပေးခဲ့တယ်လို့ သံသယရှိခဲ့ရတာဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment