Wednesday, October 26, 2016

မြန်မာဈေးကွက်ထဲကို မော်တော်ကားအစိတ်အပိုင်းပစ္စည်းတွေ တင်ပို့နိုင်ဖို့ အိန္ဒိယလုပ်ငန်းရှင်တွေ စိတ်ဝင်စားနေ

အိန္ဒိယရဲ့ ပြည်တွင်း မော်တော်ကားအစိတ်အပိုင်းပစ္စည်းထုတ်လုပ်ငန်းရှင်တွေဟာ ထုတ်ယူရသေးခြင်းမရှိသေးတဲ့ နိုင်ငံအရှေ့မြောက်ခြမ်း ကားအစိတ်အပိုင်းပစ္စည်းဈေးကွက်ကို ၀င်ရောက်အသုံးချဖို့ စီစဉ်နေသလို အိမ်နီးချင်းဈေးကွက်တွေဖြစ်တဲ့ မြန်မာနဲ့ ဘူလ်တန်တို့လို နိုင်ငံတွေဆီကိုလည်း ထုတ်ကုန်တွေ တင်ပို့နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှာဖွေလိုလျက်ရှိနေပါတယ်။

လာမယ့်လထဲမှာပဲ အရှေ့မြောက်ဒေသက Guwahati မှာ အစိုးရရဲ့ အကြီးစားစက်မှုလုပ်ငန်းဌာနနဲ့ မော်တော်ကားတပ်ဆင်အစိတ်အပိုင်းပစ္စည်းထုတ်လုပ်သူများအသင်း Acma တို့က ပူးပေါင်းကျင်းပမယ့် Expoတစ်ခုမှာတော့ ပြည်တွင်းက ဦးဆောင်လုပ်ငန်းရှင်တွေ တက်ရောက်ဖို့ရှိနေပါတယ်။

" မော်တော်ကားဈေးကွက်နဲ့ပတ်သက်ပြီး ပြောရရင် မြောက်၊ အနောက်၊တောင်ဘက်ခြမ်းဒေသတွေမှာ ဈေးကွက်တွေက ပြည့်နေခဲ့ပါပြီ၊ ဒါပေမယ့်လည်း အရှေ့မြောက်ခြမ်းကတော့ ထုတ်ယူခြင်းမရှိသေးတဲ့ အခွင့်အလမ်းတွေ ရှိနေပါသေးတယ်၊ နောက်ပြီးစစ်တမ်းတစ်ခုအရဆိုရင် အဲဒီမှာရှိနေတဲ့ ထုတ်ကုန်တွေက အတုတွေများနေပြီး အရည်အသွေးပြည့်မီတဲ့ ကားတပ်ဆင်ပစ္စည်းတွေ မရှိသေးပါဘူး" လို့ Acma ရဲ့အကြီးအကဲRattan Kapur က ပြောသွားပါတယ်။

လာမယ့်လ Expo ပွဲမှာလည်း လုပ်ငန်းတွင်းက ကုန်သည်နဲ့ ဖြန့်ချီရေးသမား ထောင်နဲ့ချီ တက်ရောက်လာဖို့ Acma က မျှော်လင့်နေပြီးတော့ယင်းတို့ထဲကအများစုဟာ အရှေ့မြောက်ဒေသကလာမှာဖြစ်ပြီးတော့ ယင်းတို့ထဲက ထက်ဝက်လောက်ကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူလ်တန်နဲ့ နီပေါတို့ကနေ ပါဝင်လာမယ်လို့လည်းမျှော်လင့်နေပါတယ်။

အိန္ဒိယအစိုးရအနေနဲ့လည်း နိုင်ငံအရှေ့မြောက်ခြမ်းနဲ့ မြန်မာနိုင်ငံတို့ကို ချိတ်ဆက်မယ့် မော်တော်ကားလမ်းကွန်ရက်ကို ထူထောင်ဖို့ စီစဉ်နေလျက်ရှိပြီးတော့ ယင်းကွန်ရက်ကနေတဆင့် ဈေးကွက်အသစ်တွေ ထပ်မံရရှိနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

" တကယ်လို့များ လမ်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပြီးစီးသွားရင်တော့ ကျွန်တော်တို့အနေနဲ့ မြန်မာနဲ့ ဘူလ်တန်တို့လို နိုင်ငံတွေဆီကို ကျွန်တော်တို့ ရဲ့ပို့ကုန်တွေ တင်ပို့နိုင်ပါတော့မယ်၊ အဲဒီအခါကျရင် Gawahati က ဖြန့်ချီရေးတွက် အဓိကအချက်အချာဖြစ်လာဖို့ရှိနေပြီးကျွန်တော်တို့ရဲ့ မော်တော်ကားတပ်ဆင်အစိတ်အပိုင်းတွေ ၀ယ်မယ့်သူတွေအနေနဲ့လည်း ကိုးလ်ကတ္တားနဲ့ ဒေလီတို့ထိတောင်သွားစရာမလိုတော့ပါဘူး" Acma ရဲ့ ညွန်ကြားရေးမှူးချုပ် Vinnie Mehta ကပြောသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment