
ကချင်ပြည်နယ်၊ ဖားကန့် ဒေသတွင် မကြာသေးမီက တူးဖော်တွေ့ရှိခဲ့သည့် ကျောက်စိမ်း တုံးကြီးသည် ကျောက်စိမ်းအရိုင်းတုံး တစ်တုံးအနေဖြင့် ကမ္ဘာပေါ် တွင် တန်ဖိုးအမြင့်ဆုံး ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။
အလျား ၁၈ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၉ ပေရှိပြီး ၁၇၅တန်မျှ အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးကြီး၏ တန်ဖိုးသည် ဒေါ်လာ သန်း ၁၇၀ မျှ ရှိမည်ဟု ခန့်မှန်းရသည်။ ယင်းသည် တစ်စုတစ်စည်းတည်း ရှိနေသည့် ကျောက်စိမ်းအပိုင်းအစတစ်ခုအနေဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံးဟု ဆိုနိုင်မည်ဖြစ်သည်။
လူမှုကွန်ရက်များတွင် ဖားကန့်လွှတ်တော်အမတ် ဦးတင့်စိုးက အဆိုပါကျောက်စိမ်းတုံးကြီး နှင့် ယှဉ်တွဲပြီး ရိုက်ထားသည့် ဓာတ်ပုံများပျံ့နှံ့ခဲ့ရာ အဆိုပါ ကျောက်မျက်ရိုင်းကြီး၏ ကြီးမား သော ထုထည်ပမာဏကို ရှင်း လင်းစွာ တွေ့မြင်နိုင်သည်။ အဆိုပါ ကျောက်စိမ်းတုံးကြီးကို သန့်စင်ပြီးပါက အရောင်ရော အရည်အသွေးပါ ကောင်းမွန်သည့် အမျိုးအစားအဖြစ် ပေါ်ထွက်လာမည်ဟု သိရသည်။
လတ်တလောတွင် ပြည် တွင်း၌ ကျောက်စိမ်းတုံးကြီး၏ တန်ဖိုးကို တွက်ချက်နေဆဲဖြစ်သော်လည်း ဗြိတိန်မီဒီယာတစ်ခုဖြစ်သည့် Daily Mailက ပညာရှင် များထံ မေးမြန်းစုံစမ်းပြီးနောက် စတာလင်ပေါင် သန်း ၁၄၀ ခန့်၊တစ်နည်းအားဖြင့် ဒေါ်လာသန်း၁၇၀ ကျော်မျှရှိမည်ဟု တန်ဖိုး ဖြတ်ဖော်ပြခဲ့သည်။
ဦးတင့်စိုးက ယခုကျောက် စိမ်းတုံးကြီးသည် အိမ်အသေးစား နှစ်လုံးစာမျှ ကြီးမားကြောင်း ဆိုသည်။
‘‘ကျွန်တော်တို့ ပြည်သူတွေ၊
ကျွန်တော်တို့အစိုးရ၊ ကျွန်တော် တို့ပါတီ ဦးဆောင်နေတဲ့ အစိုးရလက်ထက်မှာ ဒီကျောက်စိမ်းတုံး ကြီးကို ရှာတွေ့တာက လက် ဆောင်မွန်တစ်ခုလိုပါပဲ။ ကျွန်တော်တို့အတွက် အရမ်းကောင်း မွန်တဲ့ နိမိတ်တစ်ခုလို့ ယူဆနိုင် ပါတယ်’’ဟု ပြောကြားခဲ့သည်။
ဖားကန့်သည် ကမ္ဘာပေါ်တွင် အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းများထွက်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ မြန်မာ့ ကျောက်စိမ်းသည် Imperial Jadeဟုလည်း လူသိများပြီး အရည်အသွေးအပေါ် မူတည်၍ တစ်ကီလိုဂရမ်လျှင် ဒေါ်လာ တစ်ထောင်မှဒေါ်လာ တစ်ထောင့်လေးရာ ကျော်ထိ ဈေးကောင်းရလေ့ရှိ ကြောင်း သိရသည်။
ယခုတွေ့ရှိသည့် ကျောက် စိမ်းတုံးကြီးကို အနီးစပ်ဆုံး တန်ဖိုးဖြတ်မှု ပမာဏမှာ ဒေါ်လာ၁၇၄ ဒသမ ၆ သန်းဖြစ်ပြီး ကျောက်စိမ်းအရိုင်းတုံး တစ်တုံးအတွက် ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံးဟု ယူဆနိုင်ကြောင်း သိရသည်။အကယ်၍ ကျောက်စိမ်းကို အချောသတ်သွေးပြီးပါက တစ်ကီ လိုဂရမ် ပျမ်းမျှတန်ဖိုးမှာ လက်ရှိ ခန့်မှန်းထားသည်ထက် အဆ ၂၀ မျှထိ မြင့်တက်သွားနိုင်သည့် အလားအလာရှိနေသည်။
အဆိုပါ ကျောက်စိမ်းအရိုင်းတုံးကြီးကို သွေးရန် တရုတ်နိုင်ငံသို့ပို့ဆောင်ဖွယ်ရှိသည်။ တရုတ်မှ ကျောက်စိမ်းကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဖရန့်ခ်ရှောင်က ‘‘တကယ့်ကို လှပတဲ့တွေ့ရှိမှုပါပဲ။ ဒီကျောက်စိမ်းတုံးကြီးကို သွေးပေးဖို့ အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် တရုတ်ကိုပဲရောက်လာမယ် ထင်ပါတယ်’’ဟု ပြောကြားသည်။
၂၀၁၃ က ကနေဒါ နိုင်ငံတွင် ၁၈ တန် အလေးချိန်ရှိ ကျောက်စိမ်းတစ်တုံးကို တူးဖော်တွေ့ရှိခဲ့
ဖူးရာ ဒေါ်လာနှစ်သန်းနီးပါးအဖြစ် တန်ဖိုးဖြတ်ခဲ့ဖူးသည်။ ထိုအချိန်ကစ၍ ကမ္ဘာ့ဈေးကွက်တွင် ကျောက်စိမ်းတန်ဖိုးသည် ပိုမိုမြင့်တက်လာခဲ့ပြီး မြန်မာ့ကျောက်စိမ်းသည် လူကြိုက်အများဆုံးစာရင်း၌ ရပ်တည်ခဲ့သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment