Friday, August 19, 2016

မြစ်ဆုံအရေး လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေး နှစ်ဖက်စွမ်းအင်ဌာနများကြား ပူးပေါင်းအဖြေရှာသွားရန် သဘောတူညီ


ဆိုင်းငံ့ထားသည့် မြစ်ဆုံစီမံကိန်းအတွက် လက်တွေ့ကျသည့် ဖြေရှင်းနည်းအား စွမ်းအင်ဌာနများချင်း ပူးပေါင်းမှုမြှင့်တင်ကာ ရှာဖွေသွားနိုင်ရေး တရုတ်နှင့် မြန်မာ သဘောတူညီခဲ့သည်။

အဆိုပါ သဘောတူညီမှုသည် တရုတ်နိုင်ငံသို့ သြဂုတ် ၁၇ ရက်က ငါးရက်တာခရီးစဉ် ရောက်ရှိသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ တွေ့ဆုံမှုမှ ရရှိခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားနှင့် ဆိုင်သည့် မြစ်ဆုံဆည်စီမံကိန်းကိစ္စရပ်အတွက် ဖြေရှင်းနိုင်ရေးနည်းလမ်းရှာဖွေရန် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်ထားပြီးကြောင်း ပြောသည်ဟု အဆိုပါ တွေ့ဆုံဆွေးနွေးမှုများ ပြီးနောက် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က သတင်းထောက်များအား ပြောကြားသည်။
မြစ်ဆုံစီမံကိန်းသည် မြန်မာနှင့် တရုတ်သို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတစ်ရပ်ဖြစ်သော်လည်း ၂၀၁၁ ခုနှစ်အတွင်းက မြန်မာအစိုးရက စီမံကိန်းအား ရပ်ဆိုင်းထားခဲ့သည်။
Credit To >>> Mizzima Burmese

0 comments:

Post a Comment