Monday, August 15, 2016

ကားအစိတ်ပိုင်းများကို မမှန်မကန်ပြောင်းလဲ တပ်ဆင်ထားသည့် ဇုန်ထုတ်ယာဉ်များကို သက်တမ်းတိုးပေးတော့မည်မဟုတ်

နဂိုမူလတိုင်း မဟုတ်ဘဲ ကားအစိတ်အပိုင်းမမှန် မကန် ပြောင်းလဲတပ်ဆင်ထားသည့် ပြည်တွင်းစက်မှု ဇုန်ထုတ်ယာဉ် များ စက်တင်ဘာ ၁ ရက်မှစတင်ကာ သက် တမ်းတိုး လာရောက်ဆောင်ရွက်မည် ဆိုပါက မှတ်ပုံတင်ပေး မည်မဟုတ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနအနေဖြင့် ယခင်ကပြည် တွင်းစက်မှုဇုန်ထုတ်ယာဉ်များအား နဂိုမူလတိုင်းမဟုတ်ဘဲ ပုံစံတူကား စက် ခေါင်းများ၊ ကားဘော်ဒီများ ပြောင်း လဲတပ်ဆင်ထားပြီး လာရောက်သက် တမ်းတိုးဆောင်ရွက်ပါက ဒဏ်ကြေး ငွေများဖြင့်ကောက် ခံ၍ ဆောင် ရွက် ပေးလျက် ရှိရာ ယင်းဆောင်ရွက်ပေး ခြင်း ကို သြဂုတ်လ ၃၁ ရက်အထိ သာ နောက်ဆုံးထား ဆောင်ရွက်ပေးမည် ဖြစ်ပြီး သတ်မှတ်ထား သည့်နေ့နောက် ပိုင်း ကားအစိတ်အပိုင်း မမှန် မကန် ပြောင်း လဲတပ်ဆင် ထားသောစက်မှု ဇုန်ထုတ်ကားများကို သက်တမ်းတိုး လာရောက်ဆောင် ရွက်ပါက မှတ်ပုံ တင်ပေးမည်မဟုတ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(မြင်သာကညန)မှ တိုင်းဦးစီးမှူး ဦးသိန်းဦးက "စက်တင် ဘာလ မှစပြီးတော့ ပြည်တွင်း စက်မှု ဇုန်ထုတ် ယာဉ်တွေ ကို နဂိုမူလထုတ် လုပ်ထားတဲ့ စက်ခေါင်းတွေ ၊ ဘော်ဒီ တွေ မဟုတ်ဘဲ ပြည်ပကနေပုံစံတူကား အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲ တပ်ဆင်ထားတဲ့ကားတွေ သက်တမ်း တိုး လာရောက်ဆောင်ရွက်မယ်ဆို ရင် မှတ်ပုံတင်ပေးမှာမဟုတ်ပါဘူး" ဟု သြဂုတ်၁၃ရက်က ဒီမိုကရေစီတူ ဒေး သို့ပြောသည်။
စက်မှုဇုန်ထုတ်ကားများ သက် တမ်းတိုးဆောင်ရွက်မည်ဆိုပါက နဂို မူလအ တိုင်း မဟုတ်ဘဲ ကားအစိတ် အပိုင်း ပြောင်းလဲ တပ်ဆင် ထားပါက ဒဏ်ကြေး အား နှစ်မျိုးခွဲခြားထား ကြောင်း၊ ပုံစံတူစက်ခေါင်းပြောင်းလဲ ထားပါက ဒဏ်ကြေး တစ်မျိုး၊ ပုံစံတူ ဘော်ဒီ ပြောင်းလဲတပ်ဆင်ထားပါက ဒဏ်ကြေး တစ်မျိုး ခွဲခြား သတ် မှတ်ထားကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ေ ရးညွှန် ကြားမှုဦးစီးဌာနအနေဖြင့် ပြည်တွင်း စက်မှုဇုန် ထုတ် ယာဉ်များ ယာဉ်အို ယာဉ်ဟောင်းအပ်နှံမည်ဆို ပါက ဆယ် နှစ်ကျော် သက်တမ်းရှိမှ အပ်နှံခွင့်ပေး ထားကြောင်းသိရသည်။
စက်မူဇုန်ထုတ် Light Truck နှင့် pick up ယာဉ်များအပ်နှံပြီး အစား ထိုးပြန် လည်တင်သွင်းမည်ဆို ပါကအမျိုးစားတူကားများသာ ပြည်လည် တင်သွင်း ခွင့်ပြုမည်ဖြစ်သည်။
Credit To >>> Democracy Today

0 comments:

Post a Comment