Wednesday, August 17, 2016

စတာလင်ပေါင် ငွေကြေး တန်ဖိုး ကျဆင်းပြန်

ဗြိတိန်နိုင်ငံသုံး ငွေကြေး စတာလင်ပေါင်တန်ဖိုးဟာ သြဂုတ်လ ၁၅ ရက်ယူရိုငွေကြေးနဲ့ နှိုင်းယှဉ်ရင် သုံးနှစ်အတွင်း အနိမ့်ဆုံး နှုန်းထားတစ်ခုကို ထိုးကျသွားခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ နှိုင်းယှဉ်ရင်လည်း တန်ဖိုးလျော့ကျသွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ယခုလို နိုင်ငံသုံးငွေကြေးတန်ဖိုး ကျဆင်းသွားခဲ့တာကြောင့် ဗြိတိန်စီးပွားရေးပိုင်မှာ အားနည်းလာနေတဲ့ လက္ခဏာရပ်တွေ ထပ်မံပေါ်ပေါက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

သြဂုတ်လ ၁၅ ရက်က တန်ဖိုးကျဆင်းမှုမှာဆိုရင် စတာလင်ပေါင် ငွေကြေးတန်ဖိုးဟာ ယူရိုနဲ့ ယှဉ်ရင် ၂၀၁၃ သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးအချေအနေတစ်ခုကို ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။တစ်ချိန်တည်းမှာလဲ ဒေါ်လာနဲ့နှိုင်းယှဉ်ရင် ပေါင်တန်ဖိုးဟာ Brexit အလွန်ကဒေါ်လာ ၁ ဒသမ ၂၇၉၈ လောက်မှာ ရှိခဲ့ရာကနေ ယခုအခါမှာတော့ ၁ ဒသမ၂၈၈၃ ကို ရောက်သွားခဲ့တာကြောင့် ဆယ်စုနှစ်သုံးစုအတွင်း အနိမ့်ဆုံးဖြစ်လာခဲ့ပါတယ်။
ဗြိတိန်ရဲ့ လန်ဒန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လူနေအိမ်ခန်း ငှားရမ်းခတွေခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ကျဆင်းခဲ့တဲ့နောက်ပိုင်း ခုလိုမျိုးနိုင်ငံသုံးငွေကြေးတန်ဖိုးပါကျဆင်းလာခဲ့တာဖြစ်ပါတယ်။ အလားတူ ဇူလိုင် ၂၃ မဲရလဒ်ကြောင့်လည်း နိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ လာရောက်ရိုက်ခတ်လာနိုင်မယ့် အခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။
" သြဂုတ်လမှာတော့ ပေါင်ငွေတန်ဖိုးဟာ အားအနည်းဆုံး ငွေကြေးတစ်ခုဖြစ်လာခဲ့ပါပြီ၊ ဒီအလားအလာက ဒီကနေ့မှာလည်း ဆက်ရှိနေပါတယ်" လို့ BK Asset Management မှ ပညာရှင် Kathy Lien က ပြောပါတယ်။
" ခုလိုမျိုး ငွေကြေးတန်ဖိုးကျဆင်းရတာရဲ့ နောက်ကွယ်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဗြိတိန်ရဲ့ ယခုတစ်ပတ် စီးပွားရေးရာ အစီရင်ခံတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေခဲ့တာကြောင့်လည်းဖြစ်ပါတယ်" လို့လည်း ၎င်းက သုံးသပ်ပါတယ်။
အီးယူကနေ ထွက်ဖို့လုပ်ငန်းစဉ်က လာမယ့်နှစ်မတိုင်မချင်း အစိုးရက စတင်ဦးမှာမဟုတ်ပေမယ့်လည်း ထိခိုက်ပျက်စီးမှုတွေကတော့ ခုချိန်ကတည်းက စတင်တွေ့နေရပြီ လို့လည်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့ပါသေးတယ်။

Credit To>>> SFJ Strategy First Journal 

0 comments:

Post a Comment