Thursday, July 14, 2016

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ မေလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်အခြေအနေ

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မေလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၁၇ ဒသမ ၁၉ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၄၁၆ ဒသမ ၆၃ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ဝ၃၃ ဒသမ ၈၂ သန်းဖြစ်ပြီး
ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ဝ၇၉ ဒသမ ၂၅ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၄၉ ဒသမ ၇၅ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၃၂၉ ဒသမ ဝဝ သန်းဖြစ်သဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မေလအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၃၆၂ ဒသမ ၈၂ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ ၁၈ သန်းဖြစ်ပေါ်ခဲ့သည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ မေလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ဝ၅၃ ဒသမ ၂၈ သန်း၊ နယ်စပ်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၃၅ ဒသမ ၄၃ သန်းနှင့် စုစုပေါင်းပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၈၈ ဒသမ ၇၁ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၇၉ ဒသမ ၆၇ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ၆၅ သန်းနှင့် စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၆၅ ဒသမ ၃၂ သန်းဖြစ်သဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ မေလအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ဝ၅၄ ဒသမ ဝ၃ သန်းဖြစ်ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ မေလအတွင်း စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၄၇၆ ဒသမ ၆၁ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေအစီရင်ခံစာအရ သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment