လူမှုမိတ်ဖက်အဖွဲ့အစည်းများကို ၄င်းတို့၏ ဒေသအသီးသီးတွင် တရား မျှတမှု လက်လှမ်းမမီသူများအတွက် ပိုမိုထိရောက်သော ရပ်ရွာအခြေပြု တရားမျှတရေးဆိုင်ရာ ဝန်ဆောင်မှု များကို ဖော်ဆောင်နိုင်ရန် အထောက် အပံ့ပေးသွားမည်ဖြစ်ကြောင်း ဗြိတိသျှ ကောင်စီ၏ မြန်မာနိုင်ငံအတွင်း တရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု လက်လှမ်းမီရေး ဆောင်ရွက်သည့် My Justic စီမံကိန်းမှ သိရသည်။ My Justice ကို ဥရောပသမဂ္ဂမှ ယူရိုသန်း ၂ဝ အထောက်အပံ့ဖြင့် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ လေးနှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
My Justice စီမံကိန်း၏ ပထမဆုံး မိတ်ဖက်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဆန်းမစ်ပတ်ခ်ဗျူးဟိုတယ်၌ ကျင်းပသည်။
My Justice မှ ဒုတိယအဖွဲ့ ခေါင်းဆောင်နှင့် အရပ်ဘက်လူ့အဖွဲ့ အစည်းဆိုင်ရာ အကြံပေးဖြစ်သူ Mr.Jason Potter က '' စီမံကိန်းရဲ့ အဓိကမဟာဗျူဟာတစ်ရပ်ကတော့ ဒေသခံတွေရဲ့ တရားမျှတမှုဆိုင်ရာ လိုအပ်ချက်တွေကို သိရှိနားလည် ဆုံးဖြတ်တဲ့ ဒေသခံလူမှုမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲအကောင် အထည်ဖော်ဆောင်ရွက်ဖို့ပဲ ဖြစ်ပါ တယ်''ဟု ပြောသည်။
အဆိုပါအခမ်းအနားတွင် My Justice စီမံကိန်းအကောင်အထည် ဖော်ရာတွင် ရပ်ရွာအခြေပြုမိတ်ဖက် အဖွဲ့အစည်းများအတွက် ရရှိနိုင်သော ငွေကြေးအထောက်အပံ့ဆိုင်ရာအခွင့် အလမ်းများအကြောင်း မိတ်ဆက်ခဲ့ သည်။
လက်ရှိတွင် My Justice က ပရိုဂရမ် ဂရန့်(Programme Grant)နှင့် ပရောဂျက် ဂရန့် (Project Grant)ဟူ၍ ငွေကြေးအထောက် အပံ့အစီအစဉ်နှစ်မျိုးကို အကောင် အထည်ဖော်သွားမည် ဖြစ်သည်။ ပရိုဂရမ် ဂရန့်မှာ ၁၈ လမှ ၂၄ လ အထိ ကြာမြင့်နိုင်သော စီမံကိန်းများ အတွက်ဖြစ်ကာ ပရောဂျက် ဂရန့်မှာ ၁၂ လမှ ၁၅ လအထိ ကြာမြင့်နိုင်သော စီမံကိန်းများအတွက် ဖြစ်ကြောင်း သိရသည်။
ယခု ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန် ပြည်နယ်ရှိ စီမံကိန်းများကို ဦးစားပေး ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ My Justice မှ ငွေကြေး အထောက်အပံ့ဆိုင်ရာ အခွင့်အလမ်း များအတွက် အဆိုပြုလွှာများကို ဇွန် ၃ဝ ရက်မှ စတင်မည်ဖြစ်ကာ လိုအပ် သည့် အဆိုပြုလွှာပုံစံများကို www.myjusticemyanmar. org တွင် ရယူနိုင်ကြောင်း၊ စိတ်ဝင်စားသည့် လူမှုမိတ်ဖက်အဖွဲ့အစည်းများမှ ၄င်း တို့၏ အဆိုပြုလွှာများကို ဇူလိုင် ၂၈ ရက် နောက်ဆုံးထား၍ My Justice အဖွဲ့သို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်တွင်း နှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ဝ ကျော်မှ ကိုယ်စားလှယ်များ အိမ်နီးချင်း နိုင်ငံများမှ အတွေ့အကြုံရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ကြုံတွေ့နေရသည့် တရားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment