Thursday, May 19, 2016

Microsoft က Nokia ဖုန်းထုတ်လုပ်ရေး ကို ဒေါ်လာသန်း ၃၅၀ နဲ့ရောင်းထုတ်၊ မိုဘိုင်းဖုန်းလောကထဲတစ်ကျော့ပြန်လာဖွယ်ရှိ


HMD Global Ltd နဲ့ ယင်းနဲ့ လုပ်ငန်းတွဲဘက် ထိုင်ဝမ်ကုမ္ပဏီ Foxconn Technology Group ရဲ့ FIH Mobile တို့ဟာ Microsoft ရဲ့ ဖုန်းထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို ဒေါ်လာ သန်း ၃၅၀ နဲ့ ၀ယ်ယူသွားမှာဖြစ်ပါတယ်။ Microsoft က ၂၀၁၄ ခုနှစ်မှာ Nokia ဆီကနေ ၀ယ်ယူထားခဲ့တာဖြစ်ပါတယ်။
Microsoft က ၀ယ်ယူထားတဲ့ Nokia က တစ်ခေတ်တစ်ခါက နာမည်ရထားခဲ့တဲ့ ယင်းရဲ့ မိုဘိုင်းဖုန်း ဟန်းဆက်နဲ့ တက်ဘလက် ထုတ်လုပ်ရေးလုပ်ငန်းဈေးကွက်ထဲကို တစ်ကျော့ပြန် ၀င်ရောက်ဖို့ စီစဉ်နေပြီဆိုပြီး မေလ ၁၈ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မကြာမီကမှ တည်ထောင်ထားတဲ့ ဖင်လန်ကုမ္ပဏီတစ်ခု ကို ယင်းရဲ့ အမှတ်တံဆိပ်လိုင်စင်ကို ချမှတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ဆယ်နှစ်အတွင်းမှာ Nokia အမှတ်တံဆိပ်နဲ့ ဖုန်းတွေ၊ တက်ဘလက်တွေ ထုတ်လုပ်ဖို့ HMD Global Ltd ကို လိုင်စင်တစ်ရပ် ခွင့်ပြုပေးသွားမယ်လို့ တစ်ချိန်တုန်းက ကမ္ဘာ့ နံပါတ်တစ် ဟန်းဆက် ထုတ်လုပ်သူကုမ္မဏီဖြစ်ခဲ့ဖူးတဲ့ Nokia ကုမ္ပဏီက ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။
Nokia ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၁၉၉၈ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်ကာလအကြားကမ္ဘာ့ထိပ်တန်း ဖုန်း ထုတ်လုပ်သူဖြစ်ခဲ့ပေမယ့်လည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့တဲ့ စမတ်ဖုန်းဈေးကွက်မှာ ဆက်လက်မယှဉ်ပြိုင်နိုင်ခဲ့ပဲ ပြိုင်ဘက် တောင်ကိုရီးယားကုမ္မဏီ Samsung ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ ယင်း ကုမ္ပဏီဟာ Microsoft ကို ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ နဲ့ ရောင်းချခဲ့ရပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment