Thursday, May 19, 2016

ခရီးသည် ၅၉ ဦး သယ်ဆောင်လာသည့် အီဂျစ်လေကြောင်းလိုင်းလေယာဉ် တစ်စင်း ပျောက်ဆုံး

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ပျံသန်းလာသည့် ခရီးသည် ၅၉ ဦး သယ်ဆောင်လာသော အီဂျစ်လေကြောင်းလိုင်းပိုင် Airbus လေယာဉ်တစ်စီးသည် မေ ၁၉ ရက်က ရေဒါစောင့်ကြည့်မှုမှ ပျောက်ဆုံးသွားခဲ့ကြောင်း အီဂျစ်လေကြောင်းလိုင်း၏ တရားဝင် Twitter မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။
အီဂျစ်လေကြောင်းလိုင်း၏တရားဝင် Twiitter မှ တစ်ဆင့် အတည်ပြုမှုအရ ပဲရစ်မြို့မှ ကိုင်ရိုမြို့သို့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၉ မိနစ်၌ ဦးတည်ထွက်ခွာသွားသည့် အီဂျစ်လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် MS804 သည် ရေဒါစောင့်ကြည့်မှုမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခြားအတည်ပြုမှုများအရ အဆိုပါလေယာဉ်သည် အီဂျစ်လေကြောင်းပိုင်နက်အတွင်း အမြင့်ပေ ၃၇၀၀၀ ၌ ပျံသန်းနေစဉ် ကိုင်ရို စံတော်ချိန် နံနက် ၂ နာရီ ၄၅ မိနစ်၌ ရေဒါစောင့်ကြည့်မှုမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အီဂျစ်လေကြောင်းလိုင်း၏ အတည်ပြုမှုအရ ပျောက်ဆုံးခဲ့သည့် အဆိုပါ Airbus A320-232 လေယာဉ်တွင် ခရီးသည် ၅၉ ဦးနှင့် လေယာဉ်အမှုထမ်း ၁၀ ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပျောက်ဆုံးဖွယ်ရှိသည့် အီဂျစ်လေကြောင်းပိုင်နက်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း AFP သတင်းတွင် ဖော်ပြသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment