Thursday, May 19, 2016

မေ ၁၇ရက်တွင် ကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံဆိုင်ရာ အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့လိုက်သည့် အကြောင်း ကြေညာ

အထွေထွေလိုင်စင် အမှတ် ၂၀ (GL 20) ကို တိုးချဲ့ခြင်းသည် အရေးပါသော သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံကို အသုံးပြုရန် ခွင့်ပြုခြင်း ဖြစ်သည်။ GL 20 ကို တိုးချဲ့ခြင်းသည် ပြည်ပနှင့် ပြည်တွင်းလုပ်ငန်းများကို မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် တံခါးပွင့်လာပြီဖြစ်ကြောင်း အချက်ပြခြင်းပင်ဖြစ်သည်။ အမေရိကန်နှင့် မြန်မာနိုင်ငံကြား ပိုမိုခိုင်မာမြဲမြံသော စီးပွားရေးဆိုင်ရာကူးလူးဆက်ဆံမှုကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။

အမှန်တကယ်လည်ပတ်မောင်းနှင်နိုင်တဲ့ ဘဏ္ဍာရေးကဏ္ဍ
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တစ်သီးပုဂ္ဂလ ပစ်မှတ်ထားအရေးယူ ပိတ်ဆို့မှုစာရင်းတွင် ဘဏ်လေးခုသာ ကျန်ပြီး အမေရိကန်အစိုးရမှ အထွေထွေ လိုင်စင်ကို တိုးချဲ့သတ်မှတ်ပေးခြင်းဖြင့် အဆိုပါဘဏ်များမှာ SDN စာရင်းတွင်ဆက်လက်ရှိနေသည့်တိုင်အောင် ဘဏ္ဍာရေး ကိစ္စရပ်များလုပ်ကိုင်ဆောင်ရွက်ရာတွင် ၄င်းတို့နှင့်လည်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ နိုင်ငံပိုင် ဘဏ်များကို စာရင်းမှ ပယ်ဖျက်ခြင်းနှင့်အတူ ဤခြေလှမ်းမှာ နိုင်ငံတကာ ဘဏ္ဍာရေး ကိစ္စရပ်များကို အလွယ်တကူ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ခွင့်ပြုခြင်းဖြင့် မြန်မာ့ ဘဏ္ဍာရေးစနစ်ကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်မှုတွင် အဆင်ပြေချောမွေ့မှု ရှိစေရန် ရည်ရွယ်ပါသည်။ အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထောက်ခံအားပေးကြောင်း အမေရိကန်နှင့် နိုင်ငံတကာကုမ္ပဏီများကို အထင်အရှား ပြသလိုက်ခြင်းဖြစ်ပါသည်။
အမေရိကန်အစိုးရသည် SDN စာရင်းတွင်ပါဝင်သော နိုင်ငံပိုင်ဘဏ်များအားလုံးကို တစ်သီးပုဂ္ဂလ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ရာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB), မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)နှင့် မြန်မာ့စီးပွားရေးဘဏ် (MEB) တို့သည် OFAC၏ ကန့်သတ်ချုပ်ခြယ်ထားမှုများမှ ကင်းလွတ်ပြီဖြစ်သည်။ SDN စာရင်းတွင် ဆက်လက်ကျန်ရှိနေသောဘဏ်လေးဘဏ်နှင့် ဘဏ္ဍာရေးကိစ္စရပ်များလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသော လိုင်စင် တိုးချဲ့သတ်မှတ်ခြင်းနှင့်အတူ ဤခြေလှမ်းမှာ မြန်မာ့ ဘဏ္ဍာရေးစနစ်နှင့် ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှုကို အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပါသည်။
နိုင်ငံပိုင်ဘဏ်များကို SDN စာရင်းမှ ပယ်ဖျက်ခြင်းဖြင့် ဘဏ္ဍာရေးကိစ္စရပ်များလုပ်ကိုင်ဆောင်ရွက်ခြင်းတွင် အဟန့်အတားများကို ဖယ်ရှားရာရောက်ပြီး မြန်မာစီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့်လည်း ယခုထက်ပို၍ နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း(SOE)များသည် ယခုအခါတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသော အရပ်သားအစိုးရကို အစီရင်ခံစာ တင်သွင်းရပါသည်။ ၄င်းလုပ်ငန်းများအားလုံးကို SDN စာရင်းမှ ပယ်ဖျက်ပြီး ဖြစ်ပါသည်။ အထူးသဖြင့်မူ မြန်မာ့သစ် လုပ်ငန်း၊ မြန်မာ့ ပုလဲလုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း နှင့် သတ္တုတွင်းလုပ်ငန်းတို့သည် SDN စာရင်းတွင် ပါဝင်ခြင်းမရှိတော့ပါ။ ဟု ထုတ်ပြန်ခဲ့သည်။

Credit To >>>The Ladies News

0 comments:

Post a Comment