Friday, May 13, 2016

ပို့ကုန်တိုးမြင့်ရေး ကုန်သွယ်မှု၊လွယ်ကူချောမွေ့ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်ကို မတ်လအတွင်းက တွေ့ရစဉ်။အောင်ဌေးလှိုင် / မြန်မာတိုင်း(မ်)
မြန်မာ့ပို့ကုန်ကဏ္ဍ တိုးမြင့်လာရေးအတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့ရေးကော်မတီ
တစ်ရပ်ဖြင့် အထူးဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က မြန်မာတိုင်း(မ်) ကို ပြောသည်။
ကုန်သွယ်လွယ်ကူချောမွေ့ရေးကော်မတီ (Trade Facilitation Committee) ဖွဲ့စည်း ဆောင်ရွက်
ရာတွင် လုပ်ငန်းတိုးတက်မှု ပိုမို ထိရောက်စေရန် ဆပ်ကော်မတီများ ဖွဲ့စည်း ထားရှိမည်မဟုတ်ဘဲ
လုပ်ငန်း အကောင် အထည်ဖော်ရေး ကော်မတီများကိုသာ ဖွဲ့စည်း ၍ တိုက်ရိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ "ကုန်သွယ်မှု
တိုးမြှင့်ဖို့ သွက်သွက် လက်လက်လုပ်ရတော့မှာ။ စီးကူးမှာဆိုရင်လည်း ဒုတိယ၀န်ကြီးကို
မထားတော့ဘူး။ (Trade Facilitation Committee) ကိုလည်း ဆပ်ကော်မတီတွေမထားဘဲ
ဆောင်ရွက်သွား မှာပါ။ လိုအပ်ရင်တော့ ယာယီအဖွဲ့ကိုသာ ထားပြီး ဆောင်ရွက်မှာပါ "ဟု ဦးသန်းမြင့်က ပြောသည်။ မြန်မာနိုင်ငံသည် နှစ်စဉ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပို့ကုန်သည်
သွင်းကုန် ပမာဏအောက် နှစ်စဉ်လျှော့နည်းနေသဖြင့် ကုန်သွယ်မှုလိုငွေ နှစ်စဉ်ပြနေခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်တွင်မူ အမျိုးသားပို့ကုန်မဟာ ဗျူဟာကို ရေးဆွဲခဲ့ပြီး ငါးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ရန်
ဆောင်ရွက်ခဲ့ သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဆန် စပါးကဏ္ဍ၊ ပဲမျိုးစုံနှင့်
ဆီထွက်သီးနှံကဏ္ဍ၊ ရေထွက်ပစ္စည်းလုပ်ငန်းကဏ္ဍ၊ သစ်အခြေခံ ကုန်ထုတ်လုပ်ငန်း
ကဏ္ဍနှင့် အထည်ချုပ် လုပ်ငန်းကဏ္ဍငါးခုကို အဓိကပို့ကုန်များ အဖြင့် တွန်းအားပေး
ဆောင်ရွက်ရန်ရေးဆွဲ ထားသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍနှင့် ရော်ဘာ
ကဏ္ဍနှစ်ခုကိုလည်း အလား အလာကောင်းသော ကဏ္ဍများအဖြစ် တိုးတက်လာရေး
ဆောင်ရွက်သွားကြရန် ထည့်သွင်းရေးဆွဲထားသည်။
ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် များအနက် ကုန်သွယ်မှု တိုးမြင့်လာရန်မှာ ကုန်သွယ်မှု
လုပ်ငန်းများ လွယ်ကူချောမွေ့ ရေးဆိုင်ရာကိစ္စတစ်ခုလည်း ပါဝင်ခြင်းဖြစ် ရာ ၎င်းအချက်အပေါ်
အလေးထားလုပ်ကိုင် ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကုန်သွယ်မှု မြှင့်တင်ရေးဌာန တိုင်းဒေသကြီးညွှန်ကြား ရေးမှူးဦးမြင့်ချိုက ပြောသည်။ "ဒီအစီအစဉ်က အစကတည်းက ရှိပြီးသား
ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်လုပ်ငန်းအောင်မြင်လာဖို့အတွက် အထူးအလေးထားဆောင်ရွက်
သွားဖို့ ၀န်ကြီးက ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဆပ်ကော်မတီ ထားလိုက်ရင် လူတွေကများပြီး
သူလုပ်မလား၊ ငါလုပ်မလား ဆိုတာတွေဖြစ်တော့ လုပ်ငန်းကော်မတီကသာ ထိထိရောက်ရောက်
လုပ်နိုင်အောင်လို့ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးမြင့် လာရေးအတွက် ဘဏ်လုပ်ငန်းကဏ္ဍ ကောင်းမွန်
လာရေးလိုအပ်သည့်အပြင် ကုန်သွယ်မှု လုပ်ကိုင်ရာတွင်လည်း အစိုးရအဖွဲ့အစည်း များသည့်
ကုန်သွယ်မှုလုပ်ငန်း လျင်မြန် ချောမွေ့ရေးအတွက် လုပ်ဆောင်နိုင်မှု အားနည်းနေလျက်ရှိသည်ဟု
စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။ "အများစုဖြစ်နေတဲ့ အချက်ကတော့ စာရွက်စာတမ်းဆိုင်ရာ
လိုအပ်ချက်တွေကို ဌာနတစ်ခုကနေတစ်ခု အဆင့်ဆင့် သွားနေ ရတာတွေကြောင့် ကုန်သွယ်မှု
လုပ်ငန်းစဉ် ကြန့်ကြာတာတွေ ရှိနေတာဖြစ်နေတယ်"ဟု ကုန်သွယ်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်သူ
ဦးနေလင်းဇင်က ပြောသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ကုန်သွယ်မှု တိုးတက်လာရေးအတွက် ပို့ကုန် လုပ်ငန်းများတိုးတက်လာရန် ငွေကြေးအရင်းအနှီးရရှိနိုင်မှု အခွင့်အလမ်းဖန်တီးပေးနိုင်မှု ကဏ္ဍ၊
အရည်အသွေးပြည့်ဝသော စီမံခန့်ခွဲမှု ကဏ္ဍ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ရေးနှင့် သိုလှောင်မှုဆိုင်ရာ
ကဏ္ဍနှင့် ကုန်သွယ်ရေးဆိုင်ရာသတင်းအချက်အလက်နှင့် ကုန်သွယ်မှု မြှင့်တင်ရေးကဏ္ဍများကို
ဆောင်ရွက်သွား ရန်လည်း ငါးနှစ်တာစီမံကိန်းအတွင်း ထည့် သွင်း ရေးဆွဲထားခြင်းဖြစ်သည်။
Credit To >>> The  Myanmar Times

0 comments:

Post a Comment