
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံသား ပြဿနာများကို ဖြေရှင်းရန်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်သား ဥပဒေနှင့် အညီ ထိရောက်စွာ စိစစ် ဆောင်ရွက် ပေးနိုင်ပါရန် နိုင်ငံတာ် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ယနေ့ (မေ ၅ ရက်) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ထိုအဆိုကို လက်ခံ ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူညီခဲ့ပါသည်။
ဒေါ်ခင်စောဝေ၏ အဆိုကို လက်ခံ ဆွေးနွေးလိုသူ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မေ ၁၁ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရန်လည်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါသည်။
Credit To >>> Eleven Media Group
Friday, May 6, 2016
နိုင်ငံသား ပြဿနာများကို ၁၉၈၂ ခုနှစ် ဥပဒေဖြင့် စိစစ်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးရန် ပြည်သူ့လွှတ်တော် သဘောတူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment