Monday, May 16, 2016

ရန်ကုန် မင်္ဂလာဈေးအား အသစ်ပြန်လည် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဈေးသူဈေးသားများ ဆန္ဒမဲပေးဆုံးဖြတ်မည်ဟု ဆို

ရန်ကုန်မြို့ မင်္ဂလာ ဈေးအား အသစ်ပြန်လည် တည်ဆောက်ခြင်း ပြု၊ မပြုကို မေလ ၁၆ ရက်(ယနေ့)တွင် ဈေးသူဈေးသားများက ဆန္ဒမဲပေးကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဈေးသူ ဈေးသားများထံမှ သိရသည်။
၂ဝ၁ဝ ပြည့်နှစ်တွင် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုကြီးမားသော မင်္ဂလာဈေးသည် ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ် မီးဘေးသင့်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆ဝဝ ကျော်နှင့် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ဆုံးရှုံးခဲ့ရပြီး အဆိုပါ မင်္ဂလာဈေးအား အသစ် ပြန်လည်တည်ဆောက်ရန် ဈေးသူဈေးသားများက ဆန္ဒရှိကြသလို လက်ရှိဈေးကြီးအား ပြန်လည်ပြုပြင်မွမ်းမံကာ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်လိုသည့် ဈေးဆိုင်ပိုင်ရှင်များလည်း ရှိကြောင်း သိရသည်။
မင်္ဂလာဈေးကြီးကို ယခင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လာရောက် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဈေးသူဈေးသားများနှင့် တွေ့ဆုံ၍ ဈေးသစ်ပြန်လည် တည်ဆောက်ပေးမည်ဟု ပြောကြားမှုများ ရှိခဲ့သည်ဟု ဈေးသူဈေးသားများက ဆိုသည်။
မင်္ဂလာဈေးကြီးအား ပြန်လည်တည်ဆောက်ပါ က ဈေးအင်္ဂါရပ်နှင့်ညီညွတ်၍ အဆင့်မြင့် မီးငြှိမ်းသတ်စနစ်၊ ကားပါကင်စနစ်၊ အမှိုက်စွန့်ပစ်စနစ်၊ စနစ်တကျ နေရာချထား ရောင်းချစေသည့် စနစ်များကို ပါဝင် ဆောင်ရွက်စေလိုကြောင်းလည်း ဈေးသူဈေးသား အများစုက ဆန္ဒရှိကြကြောင်း သိရသည်။
မင်္ဂလာဈေး အသစ်ပြန်လည် တည်ဆောက်ခြင်း ပြု၊မပြုနှင့် ပတ်သက်၍ ဆန္ဒမဲပေး ဆုံးဖြတ်မှုကို မေ ၁၆ ရက် (ယနေ့)တွင် မင်္ဂလာဈေးရှိ ဈေးဆိုင်ခန်းပေါင်း ၄,၄၆၇ ခန်းမှ ဆိုင်ခန်းပိုင်ရှင်များက ရွှေမင်္ဂလာဈေး ၅ လွှာတွင် ဆန္ဒပြု မဲပေးဆုံးဖြတ်သွားမည်ဟုလည်း သတင်းရရှိသည်။

Credit To >>>The Ladies News

0 comments:

Post a Comment