Tuesday, May 17, 2016

ငပလီကမ်းခြေခရီးသွားလုပ်ငန်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာမှာ အဓိကစိုးရိမ်ပူပန်နေရ


ငပလီဒေသရဲ့ ခရီးသွားလုပ်ငန်းအတွက် စိုးရိမ်ပူပန်နေရတဲ့
အချက်များကို မဲပေးဆန္ဒကောက်ခံရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ပြဿ နာကို အဓိက စိုးရိမ်ပူပန်နေရတဲ့အချက်အဖြစ်
ဆန္ဒပြုထုတ်ဖော်ခဲ့ကြတယ် လို့ အဆိုပါ မဲပေးကောက်ခံမှုကို
ပြုလုပ်ခဲ့တဲ့ မြန်မာစီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး
အထောက်အကူပြုဌာန (MCRB) က ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။

မေ ၁၁ ရက်မှ ၁၃ ရက်အတွင်း Hanns Seidel Foundation၊
မြန်မာစီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန
(MCRB) ၊ အစိုးရ အဖွဲ့အစည်း၊ ခရီးသွားလုပ်ငန်းနယ်ပယ်
အသီးသီးက တာဝန်ရှိသူများနဲ့ ဒေသခံများပါဝင်တဲ့အလုပ်ရုံဆွေးနွေးပွဲကို
ကျင်းပခဲ့ပါတယ်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခံသူတို့ရဲ့
ငပလီဒေသအတွက် အဓိကစိုးရိမ်ပူပန်နေရတဲ့ အချက်များကို
ဆန္ဒမဲပေးကောက်ခံရာမှာ ၂၉ ရာခိုင်နှုန်းက သဘာဝပတ်ဝန်းကျင်
ဆိုင်ရာကိစ္စရပ်ကို စိုးရိမ်နေကြပြီး ၂၁ ရာခိုင်နှုန်းက
ရပ်ရွာလူထုအကျိုးရရှိမှု၊ ၁၅ ရာခိုင်နှုန်းက ဒေသခံလူမှုအဖွဲ့အစည်းများက
ဆုံးဖြတ်ချတ်ရာမှာ ပူးပေါင်းပါဝင်နိုင်မှုတို့အပေါ်
စိုးရိမ်ကြောင်း မဲပေးခဲ့ကြပါတယ်။

အမှိုက်သရိုက်များကို စနစ်တကျစီမံခန့်ခွဲမှု၊ သဲထုတ်ယူမှုများ၊
တရားမ၀င်မိုးခွဲငါးဖမ်းယူမှု၊ ရေဆိုးစွန့်ထုတ်မှုများကို
စနစ်တကျစီမံခန့်ခွဲမှုမရှိခြင်း စတဲ့အချက်များကို
အဓိက အရေးယူ ကိုင်တွယ်ဖြေရှင်းရမယ့် ပတ်ဝန်းကျင်ဆိုင်ရာ
ပြဿ နာများအဖြစ် ဖော်ထုတ်ခဲ့ကြပါတယ်။

ငပလီရဲ့ အနာဂတ်ကို ကာကွယ်ရာမှာ အားလုံးသဘောတူညီခဲ့တဲ့အချက်
မှာ ကမ်းခြေသဲ ထုတ်ယူခြင်းကို ရပ်တန့်ရန် ဖြစ်တယ်လို့
MCRB မှ တာဝန်ရှိသူများက ပြောပါတယ်။

အချို့ဟိုတယ်များက သတ်မှတ်နယ်မြေထက်ကျော်လွန်ကာ
လမ်းအသွားအလာ ၀င်ထွက်နိုင်မှုကို ပိတ်ဆို့ထားခြင်းများကို
ဥပဒေရေးရာအတိုင်း ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်ဖို့
လိုအပ်လျက်ရှိနေပါတယ်။

Hanns Seidel Foundation နဲ့ မြန်မာစီးပွားရေးကဏ္ဍ
တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) တို့က
ငပလီအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွင်း
ဆွေးနွေးခဲ့တဲ့ ဦးစားပေး ကိုင်တွယ်ရမယ့် ပြဿနာများအပေါ်
တိကျသေချာတဲ့ ကိုင်တွယ်ဖြေရှင်းမှုများရရှိစေဖို့ ကူညီထောက်ပံ
သွားမယ်လို့ ဆိုပါတယ်။


Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment