Tuesday, May 17, 2016

နေတိုးရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရုရှားနဲ့ဘယ်လာရုဇ်တို့ ပူးပေါင်းတုံ့ပြန်သွားမည်



ကမ္ဘာ့လုံခြုံရေးအတွက်အန္တရာယ်တစ်ခုလို့ ရုရှားကရှုမြင်တဲ့အမေရိကန်
ဒုံးကျည်ကာကွယ်ရေးစနစ်ဥရောပမှာချထားမှုတွေအပေါ်စစ်ရေးတုံ့ ပြန်
မှုတစ်ရပ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ရုရှားနဲ့ဘယ်လာရုဇ်နိုင်ငံခြား
ရေးဝန်ကြီးတွေကပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံခြားရေး
ဝန်ကြီး(Sergei Lavrov)ဆာဂီလက်ဗရော့ဗ်နဲ့ဘယ်လာရုဇ်နိုင်ငံခြားရေး
ဝန်ကြီး(Uladzimer Makey)အူလတ်ဒ်ဇီမာမာကီးတို့က မေလ(၁၆)ရက်
နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပေမဲ့အသေးစိတ်ကိုတော့ တရားဝင်ထုတ်ပြန်
မှုမရှိခဲ့ပါဘူး။ ရိုမေးနီးယားတောင်ပိုင်းမှာအမေရိကန်ဒေါ်လာ သန်း
(၈၀၀)တန်ဖိုးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုနေတိုးအဖွဲ့ကတပ်ချထား
ခဲ့ပြီးနောက်ရက်တွေမှာ အခုလိုရုရှားနဲ့ဘယ်လာရုဇ်တို့တွေ့ဆုံခဲ့တာဖြစ်
ပါတယ်။ဒါဟာ အီရန်နိုင်ငံကပစ်လွှတ်တဲ့ပဲ့ထိန်းဒုံးကျည်ကိုတုံ့ပြန်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ နေတိုးနဲ့အမေရိကန်အာဏာပိုင်တွေက
ပြောပါတယ်။ ဒီဒုံးကျည်ကာကွယ်ရေးစနစ်မျိုးကို ပိုလန်နိုင်ငံမှာချထား
ဖို့လုပ်ဆောင်နေပြီး လာမယ့်(၂၀၂၀)မှာအပြီးသတ်မှာဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာဖော်ပြထားပါတယ်။

Credit To >>> Central News Bureau

0 comments:

Post a Comment