Tuesday, May 17, 2016

ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်းအိမ်ရာများ ဆောက်ပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ရည်ရွယ်ထား

ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများကို ရနိုင်သမျှ ဆောက်လုပ် ပေးဖို့
အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း
မြို့ပြအိမ်ရာ စီမံကိန်းဖွံ့ဖြိုးရေးကို ရန်ကုန်နဲ့ မန္တလေး တို့မှာ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်း အိမ်ရာများ ကို ဆောက်လုပ် ပေးသွားမှာ ဖြစ်ပါတယ်။
ရက် ၁၀၀ စီမံကိန်းအတွင်း ကနောင်တန်ဖိုးနည်းအိမ်ရာ၊ ယုဇနတန်ဖိုးနည်းအိမ်ရာအပိုင်း (၁) နဲ့ ရွှေလင်ပန်း တန်ဖိုးနည်း
အိမ်ရာ အပိုင်း (၃) တို့မှ အခန်းပေါင်း ၂၂၀၀ ခန့်ကို ရောင်းချသွားမှာ
ဖြစ်ပြီး အဆိုပါအိမ်ရာများမှာ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ
ဖြစ်ပါတယ်။
နေပြည်တော်ရှိ ရွှေနံသာ ရပ်ကွက်မှာ နမူနာအဖြစ် စတုရန်းပေ
၄၀၀ ကျယ်ဝန်းတဲ့ စံပြအိမ်ရာစီမံကိန်းတစ်ခုကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ယခင်အစိုးရလက်ထက် ၂၀၁၁ ကနေ ၂၀၁၅ အထိ တန်ဖိုးနည်း၊ တန်ဖိုးသင့်နဲ့ ၀န်ထမ်းအိမ်ရာအခန်းပေါင်း ၃၆၀၅၉ တည်ဆောက်ခဲ့ပါတယ်။ ၀န်ကြီဌာနအနေနဲ့၂၀၁၆ အထိ အိမ်ရာအခန်းပေါင်း ၂၉၃၅၇
တည်ဆောက်ဖို့ လျာထားပါတယ်။
ရက် ၁၀၀ အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေဖို့အတွက်လည်း လမ်းများကို အဆင့်မြှင့်တင်ခြင်း၊ မူလလမ်းများကို တိုးချဲ့ခြင်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ဦးစားပေး ပြုပြင်သွားမှာ ဖြစ်ပါတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းရှိ တံတားကြီးအားလုံးကို ပြန်လည်စိစစ် သွားမှာဖြစ်ပြီး မြစ်ကူး၊ ချောင်းကူးတံတားများ၊ လမ်းမကြီးများရှိ တံတားများကို ပြုပြင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment