Thursday, April 7, 2016

နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတို့ တွေ့ဆုံ မြန်မာပြည်သူပြည်သားများ တကယ်အကျိုးရှိမည်ဆိုပါက တရုတ်နိုင်ငံအပါ အ၀င် မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်းဆောင်ရွက် သွားမည် ဟု နိုင်ငံတော်သမ္မတဦးထင်ကျော် ပြောကြား


-နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် တရုတ်နိုင်ငံ ခြားရေး ၀န်ကြီး မစ္စတာဝမ်ယီတို့ ဧပြီ ၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန် ဆောင် တွင်တွေ့ဆုံခဲ့ရာ မြန်မာပြည်သူ ပြည်သားများ တကယ်အကျိုးရှိ မည် ဆိုပါက တရုတ်နိုင်ငံအပါအ၀င် မည် သည့်နိုင်ငံနှင့်မဆို ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ကမ်း ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။


တွေ့ဆုံပွဲအပြီးတွင် တက် ရောက်သတင်းယူကြ သည့် ပြည်တွင်း ပြည်ပ မီဒီယာ များအား သမ္မတရုံး ၀န်ကြီးဌာန ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က "မနေ့ညနေပိုင်း က တရုတ် နိုင်ငံခြားရေးဝန်ကြီး နဲ့ ဒေါ်အောင် ဆန်း စုကြည် တွေ့ဆုံခဲ့တာ မှာအဓိက(၃)ချက် မြန်မာနိုင်ငံစီးပွား ရေး ဖွံ့ဖြိုးတိုး တက်ဖို့၊ ပြည်သူလူထု ဘ၀ဖွံ့ဖြိုးတိုးတက် ဖို့၊ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းငြိမ်း ချမ်းရေး ရရှိဖို့၊ ကမ္ဘာ့ နိုင်ငံအားလုံးနှင့် ဆက်ဆံရေးတိုး တက် ကောင်း မွန်အောင် ဆောင် ရွက်သွား ရေး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ များနှင့် ဆက်ဆံရေးကောင်း မွန် အောင် ဆောင်ရွက်သွား မယ်ဆိုတဲ့ ဒေါ်အောင် ဆန်း စုကြည်ရဲ့ မူဝါဒ သုံးချက်ကို အဓိကထောက် ခံကြောင်း ပြော ပါ တယ်။ နောက် နှစ်နိုင်ငံကြား စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး လုပ်ချင်တာတွေ၊ မြန်မာနိုင်ငံမှာ လုပ် နေတဲ့ဟာတွေ နောက်ဆက်ပြီးလုပ် ချင်တာတွေ သူတို့မှာရှိတယ် လို့ပြော ပါတယ်။ နောက် တရုတ်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံ ရဲ့ဥပဒေတွေကို လေးစား လိုက်နာဖို့ ၊ ဒေသခံပြည်သူ တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပူးပေါင်းဆောင် ရွက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကို အထူးအားဖြင့် ဆောင် ရွက်ပေးဖို့၊ တရုတ်ကုမ္ပဏီတွေကို မှာကြားထားကြောင်း၊ နောက်တစ် ချက်ကတော့ အမျိုးသားပြန်လည် သင့် မြတ်ရေးနှင့် ပတ်သက်ပြီး မြောက်ပိုင်း ဒေသ နယ်စပ်ဒေသ တည်ငြိမ်ရေး ၊ စီမံခန့်ခွဲရေး၊ အဲဒါတွေနဲ့ပတ်သက် ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက် မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်အေး ချမ်းရေးမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလည်းပါဝင်ကြောင်း၊ နောက် သမ္မတကြီး နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ဖိတ်ကြားတာ ရယ်၊ ဒေါ် အောင် ဆန်းစုကြည် ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ခန့်အပ်တဲ့ ဥပ ဒေပြုနိုင်တဲ့အတွက် ၀မ်းမြောက် ကြောင်းပြော ပါတယ်။ တရုတ်ဘက် က နေပြည်တော်မှာ တရုတ်သံရုံး တည်ဆောက်ဖို့ နေပြည်တော် ကို နှစ်နိုင်ငံချစ်ကြည်ရေး လက္ခဏာဖြစ် အောင် တရုတ်နိုင်ငံက အစောဆုံး တည်ဆောက်ဖို့ပြော ပါတယ် " ဟု ပြောကြားခဲ့သည်။၊

ယင်းနောက် မြန်မာနိုင်ငံဘက် ကတော့ သမ္မတကြီးကို လာရောက် တွေ့ ဆုံတဲ့အတွက် ၀မ်းမြောက်ကြောင်း တရုတ်ခရီးစဉ် အား ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံညှိနှိုင်းပြီးမှ ပြော မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်မှ ဆက်လက်ကူညီပေးဖို့ နောက် အဓိ ကသမ္မတကြီးပြောတာက မြန်မာပြည် သူပြည်သားတွေ တကယ်အကျိုးရှိ မယ်ဆိုရင် တရုတ်နိုင်ငံအပါအ၀င် မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွား မည်ဟု ပြောကြား ခဲ့ ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ တို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံဘက် မှ နိုင်ငံတော် သမ္မတအပါအ၀င်၊ နိုင် ငံခြားရေးနှင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဖေမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည် ထောင် စု ၀န်ကြီး ဒေါက်တာအောင် သူတို့ တက်ရောက်ခဲ့ ကြသည်။

ယင်းအပြင် မွန်းလွဲပိုင်းတွင် လည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် အား အီတလီသမ္မတနိုင်ငံ နိုင်ငံခြား ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး H.E, Hon.Paola Gentiloni Silveri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရ၀ ပြုတွေ့ဆုံကြောင်း လည်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင်လည်း လယ် ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ မီဒီယာများ အင်တာပရိုက် တိုးတက်ဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်းများ တိုးတက်ရေး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး အီတလီနှင့် မြန်မာနိုင်ငံကြား ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
Credit To >>> Democracy Today

0 comments:

Post a Comment