တရုတ်နိုင်ငံမှ ကျောက်စိမ်းဝယ်ယူသူများအား တရုတ်အစိုးရမှ
ချေးငွေထုတ် မပေး တော့သောကြောင့် မြန် မာ့ကျောက် စိမ်းဈေးကွက်
လုံးဝရပ်ဆိုင်းသွား ကြောင်း ကျောက်မျက်ဈေးကွက်မှ သိရသည်။
''ကျောက်စိမ်းစုဆောင်းဝယ်ယူသူတွေကို အစိုးရက ငွေကြေး
ထုတ်ပေးဖို့နောက်ဆုတ်ထားတယ်။ စီးပွားရေးသမားကြီးတွေက ဘဏ်တွေ
နဲ့ချိတ်ဆက်လုပ်ငန်းလုပ်ရတာ။ အဲဒါ တွေကြောင့် မြန်မာနိုင်ငံ ကျောက်
စိမ်းဈေးကွက် ၁၀၀ ရာနှုန်းရပ်ဆိုင်း
သွားတာပါ''ဟု မြန်မာနိုင်ငံကျောက် မျက်လုပ်ငန်းရှင်များအသင်း ဗဟိုအ လုပ်
အမှုဆောင်၊ ကျောက်မျက်လုပ်ငန်း ရှင်များအသင်း(မန္တလေး) နာယက ဦးစိုးနိုင်က
ပြောသည်။
တရုတ်အစိုးရမှ ၂၀၁၅
ခုနှစ်၊ နိုဝင်ဘာလဝန်းကျင်မှစတင်ကာ ယခု အထိ တရုတ်ကျောက်စိမ်းကုန်သည်
များအား ချေးငွေ မပေးတော့ သဖြင့် မြန်မာ့ကျောက်စိမ်းများ လုံးဝအရောင်း
အဝယ်မရှိတော့ခြင်း ဖြစ်သည်။
''ဒီမှာက ပညာရှင်လည်းနည်း တော့
ကုန်ကျစရိတ်ကလည်း များ တယ်။ ဒါ့အပြင် အစိုးရကလည်း ကျောက်စိမ်းဝယ်
တဲ့သူတွေကို ချေးငွေမ ထုတ်ပေးတော့တဲ့အတွက် ကျောက်စိမ်း ဈေးကွက်
လုံးဝရပ်သွားတာပါ''ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးဇော် ဇော် က ပြောသည်။
ပြည်တွင်းကျောက်စိမ်းဈေးကွက် အတွင်း ကုမ္ပဏီပေါင်း ၇၀၀ ခန့် ရှိရာ
လက်ရှိကုမ္ပဏီ ၅၀ ခန့်သာ လုပ်ငန်း လုပ်ဆောင်နိုင် သည့် အခြေအနေရှိ ကြောင်း
ကျောက်စိမ်းလုပ်ကိုင်နေသူ များထံမှ သိရသည်။
တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံ မှ ကျောက်စိမ်းအကြမ်းထည်များကို အဓိကထားဝယ်ယူနေပြီး
မြန်မာနိုင် ငံအတွင်းမှ ကျောက်စိမ်း တစ်လ လျှင် တရားဝင်တန်ချိန် ၂၅၀၀ ထွက်
ရှိနေကြောင်း မြန်မာနိုင်ငံကျောက် စိမ်းလုပ်ငန်းရှင်များအသင်းထံမှ သိ ရသည်။
Credit To >>> Democracy News
Friday, March 4, 2016
မြန်မာ့ကျောက်စိမ်းကို တရုတ်ကုန်သည်များ ဝယ်ယူမှုရပ်ဆိုင်းနေဟုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment