Friday, March 4, 2016

နိုင်​​တော်​အကြီးအကဲ တာဝန်​လွှဲ​ပြောင်းခြင်း အခမ်းအနားအား လွှတ်​တော်​၌သာ ကျင်းပမည်


နိုင်​​တော်​အကြီးအကဲ တာဝန်​လွှဲ​ပြောင်းခြင်း အခမ်းအနားအား လွှတ်​တော်​၌​သာ ကျင်းပမည်​ဖြစ်ကြောင်း သတင်းရရှိပါသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)၊ ဒေါက်တာဇော်မြင့်မောင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့ မတ် ၄ ရက်နေ့တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့ပြီးနောက်
အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

၎င်းတို့ တွေ့ဆုံမှုသည်  နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ထိ ၂ နာရီကြာမြင့်ခဲ့ပြီး နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းရေး ဆိုင်ရာ ကိစ္စများ၊
သမ္မတရွေးချယ်ရေးနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းခြင်းအခမ်းအနားကို သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဘက်က သမ္မတ အိမ်တော်၌သာ ကျင်းပလိုပြီး ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဘက်ကမူ လွှတ်တော်တွင်သာ ကျင်းပရန် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပါသည်။ သို့ရတွင် NLD အနေဖြင့် လွှတ်တော်တွင်သာ ကျင်းပရန် ဆုံးဖြတ်ကြောင်း NLD ပါတီ အသွင်းကူးပြောင်းရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်မှ ပြောကြားခဲ့သည်။

လွှတ်တော်၌ ကျင်းပမည့် အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန် တက်ရောက်မည် မဟုတ်ဘဲ NLD ပါတီက ရွေးချယ်တင်မြှောက်သည့် သမ္မတ အသစ်အား သမ္မတအိမ်တော်တွင်
စောင့်ဆိုင်း၍ လွှဲပြောင်းအသိပေးစရာ ရှိသည်များကို လွှဲပြောင်းပေးမည့် အစီအစဉ်ပုံစံ ပြုလုပ်ထားကြောင်း  ဦးဝင်းထိန်က ပြောကြားခဲ့ပါသည်။

Credit To .>>> Eleven Media Group

0 comments:

Post a Comment