အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏မူဝါဒများ၊ အသွင်ကူး ပြောင်းရေး ကိစ္စရပ်များနှင့်ပတ် သက်၍ ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အပြင် ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက် တာဇော်မြင့်မောင်အား ပြောရေး ဆိုခွင့်ရှိသူအဖြစ် တိုးချဲ့တာဝန် ပေးအပ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက မတ်လ ၈ ရက်တွင် သတင်းထုတ်ပြန် သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဖြစ် လာသူ ဒေါက်တာဇော်မြင့်မောင် သည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် မန္တလေးတိုင်းဒေ သကြီး၊ အမရပူရမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ကာ မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်အဖြစ် ရေပန်းစားနေသူတစ် ဦးလည်းဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင် သည် မကြာသေးမီက ဖွဲ့စည်း ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့တွင် ပါဝင်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏မူဝါဒများ၊ အသွင်ကူး ပြောင်းရေးဆိုင်ရာ ကိစ္စရပ်များကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်တစ်ဦးတည်းသာ ပြောရေး ဆိုခွင့်ရှိပြီး အခြားမည်သူမျှ ပြော ရေးဆိုခွင့်မရှိကြောင်း ဇန်နဝါရီ ၂၂ ရက်က ကြေညာချက်ထုတ်ပြန်ထားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲမတိုင်မီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီပြောရေး ဆိုခွင့်ရှိသူကို ထုတ်ပြန်ခဲ့ရာတွင် ရွေးကောက်ပွဲကြေညာစာတမ်း၊ နိုင်ငံရေးမူဝါဒသဘောထားများ အတွက် ပါတီနာယကဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်နှင့် ဆက်သွယ်ခြင်း၊ ရွေး ကောက်ပွဲဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန် ချက်များနှင့်ပတ်သက်၍ ပါတီဗ ဟိုအလုပ်အမှုဆောင် ဦးဉာဏ် ဝင်းတို့အား ခန့်အပ်ထားသည်။
ထို့အတူ ရွေးကောက်ပွဲဆိုင် ရာ အောင်နိုင်ရေး၊ စည်းရုံးရေး ခရီးစဉ်များနှင့်ပတ်သက်၍ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်း ထိန်၊ ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိစ္စ ရပ်များအတွက် ပါတီဗဟိုအလုပ် အမှုဆောင် ဦးဝင်းမြင့်(ယခုပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ)တို့အား တာ ဝန်ပေးခဲ့ခြင်းဖြစ်သည်။
Credit To >>> 7Day News Journal
0 comments:
Post a Comment