ယနေ့မြန်မာနိုင်ငံသည် ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် သွားလာရေးအဆင်ပြေချောမွေ့ အောင် လမ်း၊ တံတားများ တိုးချဲ့တည်ဆောက် ပြုပြင်မှုများကြောင့် ခရီးစဉ် ဒေသများသို့ လွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ခြင်း နှင့်အတူ ခရီးသွား လုပ်ငန်းနယ်ပယ် တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုအားကောင်းသည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။
ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာခြင်း၊ ညအိပ် ခရီးစဉ် များအဖြစ် နေ့ချင်းပြန်ခရီးစဉ်များကို မြိတ်ကျွန်းစုဒေသအတွင်း စက်တပ်ရွက် လှေများဖြင့် လှည့်လည်လည် ပတ်ကြည့်ရှု ခြင်း အား ဖြေလျှော့ခွင့်ပြုပေးခဲ့ခြင်းကြောင့် တနင်္သာရီ တိုင်းဒေသကြီး
ကော့သောင်းမြို့ တွင် ပြည်ပခရီးသွား ဧည့်သည်များ သာမက ပြည်တွင်း ခရီးသွားဧည့်သည်များပါ တစ်လထက် တစ်လ တိုးတက်ဝင်ရောက်လျက် ရှိရာ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၇ဝ၅၇၃ဦး ဝင်ရောက်ခဲ့ပြီး အပျော်စီးစက်တပ်ရွက်လှေ ခရီးစဉ်အနေဖြင့် ခရီးသွားဧည့်သည် ၃၂၄၈ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။
ကော့သောင်းမြို့ တွင် ပြည်ပခရီးသွား ဧည့်သည်များ သာမက ပြည်တွင်း ခရီးသွားဧည့်သည်များပါ တစ်လထက် တစ်လ တိုးတက်ဝင်ရောက်လျက် ရှိရာ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၇ဝ၅၇၃ဦး ဝင်ရောက်ခဲ့ပြီး အပျော်စီးစက်တပ်ရွက်လှေ ခရီးစဉ်အနေဖြင့် ခရီးသွားဧည့်သည် ၃၂၄၈ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။
ပထဝီအနေအထား သတ်မှတ်ချက်အရ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၁၃၂ဝ ကျယ် ဝန်းပြီး ပင်လယ်ပြင်မှာ ကျွန်းကြီးရှစ်ကျွန်းနှင့် ကျွန်းလတ်၊ ကျွန်းငယ်ပေါင်း ၇၉၅ ကျွန်း စုစုပေါင်း ၈ဝ၃ ကျွန်းဖြင့် ဖွဲ့စည်းထားကာ သွားလာလည်ပတ်ရန် အကောင်းဆုံးကျွန်း များအနေဖြင့် ကြက်မောက်ကျွန်း၊ အနောက် ကျွန်းနီကျွန်း၊ ခရင်းခွကျွန်း၊ ကျွန်းဖီလာကျွန်း၊ မြောက်တော် ဝင်ကျွန်း၊ အမှတ်(၁၁၅)ကျွန်း၊ ညောင်ဝှီးကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ ကျောက် သင်ပုန်းကျွန်း၊ ဝအလယ်ကျွန်း၊ နတ်သမီးရေတွင်းကျွန်းများဖြစ်ပြီး အဆိုပါ ကျွန်းများတွင် ခရီးသွား ဧည့်သည်များအနေဖြင့် ရေငုပ်ခြင်း၊ ရေအောက်ကြည့်ရှုခြင်း၊ ရွက်လွှင့်ခြင်း၊ လှေလှော်ခြင်း၊ ငှက်ကြည့်ခြင်း၊ ဆလုံလူမျိုးယဉ်ကျေးမှုနှင့် လမုတောများ ကြည့်ရှုခြင်း၊ တောတွင်း လမ်းလျှောက်ခြင်း များကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ထိုသို့ သာယာလှပပြီး လည်ပတ်ရန် ကောင်းမွန်သည့် ကျွန်းများသို့ အပျော်စီး စက်တပ်ရွက်လှေဖြင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ တဖြည်းဖြည်းမြင့် တက်လျက် ရှိရာ ဇန်နဝါရီလအတွင်း အပျော်စီးစက်တပ် ရွက်လှေဖြင့် ဝင်ရောက်လာသော ခရီးသွား ဧည့်သည် ၇၁၃ ဦးရှိခဲ့ပြီး ဇန်နဝါရီ ၃ဝ ရက် တစ်ရက်တည်းတွင် စက်တပ်ရွက်လှေ ၁၂ စင်းဖြင့် ခရီးသွားဧည့်သည် စုစုပေါင်း ၉၂ ဦး လာရောက်လည်ပတ်ခဲ့ရာ စက်တပ်ရွက်လှေ ခရီးစဉ်ဖြင့် လာရောက်လည်ပတ်သော ခရီး စဉ်များအတွင်း ခရီးသည်ဝင်ရောက်မှု အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်။
ဤသို့ သဘာဝအလှများဖြင့် လှပနေပြီး ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း တည်ရှိကာ ထူးခြားဆန်းကြယ်လှပသည့် သဘာဝတောတောင်ရှုခင်းများ၊ ရှားပါးသည့် သဘာဝအပင်များနှင့် ကျေးငှက် တိရစ္ဆာန် အမျိုးပေါင်း မြောက်မြား စွာတည်ရှိသလို ပင်လယ် ရေအောက် သန္တာကျောက် တန်းနှင့် ရေနေ သတ္တဝါများပေါများသည့် မြိတ်ကျွန်းစုဒေသ ကော့သောင်းမြို့ သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုမှာ တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အချို့ရက်များအတွင်း ကော့သောင်းမြို့ရှိ ဟိုတယ်များ အခန်းပြည့် ငှားရမ်းရသည်အထိ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု မှာ မြင့်တက် လျက်ရှိကြောင်း သိရသည်။
Credit To >>> မြ၀တီ
0 comments:
Post a Comment